Thursday, September 17, 2015

ဂျပန်ငါးဖမ်းသမား တစ်ဦး ဖူကူရှီးမား နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ဖမ်းမိ

၂၀၁၅ စက်တင်ဘာ ၁၇


တိုကျို ၊ ၁၇-၉-၂ဝ၁၅ 

ဂျပန် ငါးဖမ်းသမားတစ်ဦးသည် ဖူကူရှီးမား  နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း Mail Online သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင်ဖ်ာပြ ထားသည်။
 
အဆိုပါငါးကြီး၏ ပါးစပ်သည် ကလေးငယ်တစ်ဦးကိုပင် မြိုချနိုင်လာက်အောင် ကြီးမားပြီး ဝံပုလွေငါးမျိုးဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါငါးမျိုးသည် ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ အလွန် နက်ရှိုင်းသော နေရာများတွင်သာနထိုင်လေ့ရှိပြီး သမုဒ္ဒရာ ကြမ်းပြင် တစ်လျှောက်ရှိ သက်ရှိ သတ္တဝါငယ်များကိုသာ စားသောက်လေ့ ရှိသည်။

ပုံမှန်အားဖြင့် ယင်းငါးကြီးများသည် အရှည် ၁ ဒသမ ၂ မီတာခန့် ရှိသော်လည်း ယခုဖမ်းဆီးရမိသည့် ငါးကြီးမှာ အရှည် ၂ မီတာနီးပါး ရှိသည့်အတွက် ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ထွက်ရှိ လာသော ရေဒီယိုသတ္တိကြွ အရည်များသည် ရေနေသတ္တဝါများအပေါ် အကျိုးသက်ရောက်နိုင်ဖွယ် ရှိ၊ မရှိ ကို သိပ္ပံပညာရှင်များက စူးစမ်းလေ့လာလျက် ရှိသည်။ ၂ဝ၁၁ ခုနှစ်က ၈ ဒသမ ၉ ရစ်ခ်ျတာစကေးရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံမှ အအေးပေးစနစ် ချွတ်ယွင်းခဲ့သည့်အတွက် ဓာတ်ပေါင်းဖို သုံးလုံးမှာ လည်ပတ်မှု ရပ်ဆိုင်းကာ ရေဒီယိုသတ္တိကြွ အရည်များသည် ပင်လယ်အတွင်းသို့ စိမ့်ဝင်ခဲ့ကြောင်း သိရသည်။

Credit >>> PyiChitThar

No comments:

Post a Comment