၂၀၁၅ စက်တင်ဘာ ၂၇
မူဆယ် စက်တင်ဘာလ ၂၅
မူဆယ် စက်တင်ဘာလ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ရွှေလီရိပ်သာ အစည်းအဝေးခန်းမတွင်
၂၀၁၅ ခုနှစ်၊ စက်တင်ဘာ(၂၄) ရက်နေ့ နံနက်(၉)နာရီအချိန်က
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းထိန်းချုပ်ဆောင်ရွက်မှု
ညှိနှိုင်းဆွေးနွေး ခြင်းကို ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံတရားဝန်ကြီးဌာနမှ
H.E.Gen.Paiboon Koomchaya ခေါင်းဆောင်သော ထိုင်းကိုယ်စားလှယ်
(၂၃)ဦးနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးနှင့်
ဌာနမှူး (နိုင်ငံတကာ) ရဲမှူးကြီးမြင့်အောင်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးကျော်ကျော်ထွန်း ဦးစီးသော မူဆယ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာ
တာဝန်ရှိသူများတက်ရောက်ကြသည်။
ဆက်လက်၍ ဌာနမှူး(နိုင်ငံတကာ)ရဲမှူးကြီးမြင့်အောင် မှ
မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်
ရေးဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ရာ
ထိုင်းနိုင်ငံကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်များမှ
သိရှိလိုသည့်အချက်အလက်များအားမေးမြန်၍
ဌာနမှူး(နိုင်ငံတကာ)ရဲမှူးကြီးမြင့်အောင် မှ ပြန်လည်ရှင်းလင်းခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးဝါးတားဆီး နှိမ့်နှင်းရေးဆောင်ရွက်မှု များကို ပြန်လည်သုံးသပ်ခြင်း၊ (၂၀၁-၂၀၂၀)စီမံချက်ကာလ ရှေ့ဆက်မည့် ပူးပေါင်းဆောင်ရွက်ရမည့် အစီ အစဉ်များကို အလေးထားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် အတွင်းရှိ သွင်းကုန်/ပို့ကုန် စစ်ဆေးရေးစခန်းများအား သွားရောက်လေ့လာကြရာ ပြည်တွင်း/ပြည်ပ ကုန်စည်စီးဆင်း ၀င်ရောက်မှု အခြေအနေအား လေ့လာခြင်း၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းမှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ညနေပိုင်း(၂)နာရီခန့်တွင် မူဆယ်နန်းတော်ဂိတ်မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။
အယ်လ်စိုး(Iprd)
Credit >>> Lashio Media

No comments:
Post a Comment