ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စု၊လွယ်ပါရင်ကျေးရွာမှ ဒေသခံရွာသားများ
ပိုင်ဆိုင်သော တောင်ယာမြေများအား UWSA “ ၀ ”အဖွဲ့မှ အတင်းအဓမ္မ သိမ်းယူထားကြောင်း
ဒေသခံ ရွာသား တစ်ဦးထံမှ သိရပါသည်။
“
ရှမ်းပြည်နယ်ဆိုတာ ကျွန်တော်တို့ရှမ်းလူမျိုးတွေ ပိုင်ဆိုင်တဲ့ ပြည်နယ်ပါ၊ ဒေသခံရွာသားတွေ ဆိုတာ တောင်ယာမြေကိုသာ အဓိကအားထား လုပ်ကိုင်နေကြရတာပါ၊ ဒါကို UWSA
“ ၀ ” အဖွဲ့က ဒေသခံရွာသားတွေ ပိုင်ဆိုင်တဲ့ တောင်ယာမြေတွေကို သိမ်းယူတယ်၊ တောင်ယာမြေ ဧက ၃၀ လောက်ကို သိမ်းယူထားတယ်၊ ပြီးတော့ ဒီတောင်ယာ မြေတွေကိုပဲ
ကျွန်တော်တို့ကို အတင်းအကြပ်ပြန်စေခိုင်းတယ်၊ ကျွန်တော်တို့က တောင်ယာမြေတွေ
ဆုံးရှုံးတဲ့အပြင် လုပ်အားကိုပါ အတင်းအကြပ် စေခိုင်းခံနေရတယ် ” ဟု
လွယ်ပါရင်ကျေးရွာမှ ရှမ်းလူမျိုးတစ်ဦးမှ ပြောပါသည်။
“
“ ၀ ” အဖွဲ့ဟာ လူသစ်စုတော့လည်း ဒီနယ်မြေ၊ ဆက်ကြေးကောက် တော့လည်း ဒီနယ်မြေ၊ အခု တောင်ယာမြေတွေ သိမ်းတော့လည်း ဒီနယ်မြေဖြစ်နေတယ်၊ “ ၀ ” အဖွဲ့လက်အောက်ခံ
နားယောင်းပြည်သူ့စစ်တွေနဲ့ နားယောင်းရွာသား ၁၅၀ လောက် ညအိပ်ပြီး
ငါတို့ပိုင်တဲ့တောင်ယာ တွေမှာ လာခုတ်နေကြတယ်၊ ငါတို့ဒေသခံရှမ်းတွေပိုင်တဲ့  နယ်မြေကို
“ ၀ ” တွေက အတင်းလုပ်ယူနေတာ” ဟု ရပ်မိရပ်ဖ တစ်ဦးမှ ပြောသွားပါသည်။
UWSA
“ ၀ ” အဖွဲ့မှ ယခုကဲ့သို့ ဒေသခံများပိုင်သော တောင်ယာမြေ သိမ်းယူမှုများ
ပြုလုပ်နေသော်လည်း ရှမ်းပြည်နယ် တိုးတက်ရေးနှင့် ရှမ်းလူမျိုးတွေကောင်းစားရေးကို
ကိုယ်စားပြုပါသည်ဆိုသော မည်သည့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းကမှ လာရောက်ဖြေရှင်းပေးခြင်းမျိုး မရှိကြောင်း မိုင်းဆတ်မြို့ခံတစ်ဦး မှ ပြောကြားသွားပါသည်။
ဆစ်ဟန်
Credit >>> Shan News
No comments:
Post a Comment