၂၀၁၅ စက်တင်ဘာ ၁၆
နော်ဂျာ
KDN
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ မောင်ရဲဇော်
ထက်အောင် ဆိုသူအား မိုးကောင်းမြို့ နယ်၊ နမ္မတီးကျေးရွာအနီးတွင် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး
စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖခင်ဖြစ်သူထံ KIA အဖွဲ့မှ ဆက်သွယ်ပြီး ငွေ ၅ သိန်းဖြင့် ပြန်လာခေါ်ရန်
အကြောင်းကြားလာသဖြင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ၀င်များလိုက်ပါပြီး ပြည်လည်ခေါ်ယူခဲ့ရကြောင်း
ရှမ်း မျိုးနွယ်စုရေးရာအဖွဲ့မှ အမည် မဖော်လိုသူ တစ်ဦးထံမှသိရသည်။
“ KIA အဖွဲ့က ဖမ်းသွားတာအများကြီးရှိတယ်၊ တစ်ယောက်ပဲ ငွေနဲ့ရွေးလို့
ပြန်လွတ်လာတာ၊ ငွေနဲ့ ပြန် မရွေးနိုင်တဲ့ သူတွေကတော့  ကျန်ခဲ့တာပေါ့၊ လူသစ်အဖြစ်
စစ်သင်တန်းတွေကို ဇွတ်အတင်း တက်ခိုင်းတယ်၊ အဲလိုဖြစ်တာကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ က
KIAခေါင်းဆောင်တွေကို တိုင်ကြားထား တယ်၊ ဒါပေမယ့် သူတို့က ဖြေရှင်းမပေးလို့ ဖမ်းဆီးခံထား
ရသော လူငယ်တွေ ပြန်လည်လွတ်မြောက် လာဖို့နဲ့ သူတို့ရဲ့ မတရားညှင်းပန်း နှိပ်စက်တာကို
ခံရလို့ သေဆုံးသွားတဲ့ သူတို့တွေအတွက် ၀တ်ပြု ဆုတောင်းပွဲကို မြစ်ကြီးနားမြို့ပေါ်မှာ
ကျင်းပပြုလုပ်မယ်’’ ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပြသည်။
KIA အဖွဲ့ထံမှ ပြန်လည်လွတ်မြောက်လာသော ရှမ်းလူငယ်နှင့်တွေ့ဆုံ မေးမြန်းရာတွင် ၎င်းကဲသို့ ဖမ်းဆီးခံ ထားရသော လူငယ် ၅၀ ကျော်လောက် ကျန်ရှိနေသေးကြောင်းနှင့်
ဖမ်းဆီးခံထားရသော လူငယ်များထဲတွင် အသက်မပြည့်သေးသူများ၊ အမျိုးသမီးများပါဝင်ကြောင်း ၊
၎င်းတို့အား KIA အဖွဲ့မှ စခန်းတွင် စားသောက်ရန် ဟင်းသီးဟင်းရွက်များရှာခိုင်းခြင်း၊
ထင်းခုတ်ခိုင်းခြင်းများ အတင်းအကြပ်စေခိုင်း လျက်ရှိေ ကြာင်း သိရှိရသည်။
နော်ဂျာ
KDN
No comments:
Post a Comment