၂၀၁၅ စက်တင်ဘာ ၈
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကာဟကျေးရွာအုပ်စု၊
ကာဟကျေးရွာတွင် စက်တင်ဘာ ၃ ရက်နေ့က RCSS/SSAအဖွဲ့မှ
လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးငွေများကောက်ခံခြင်းများပြုလုပ်လျက်
ရှိကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
RCSS/SSA အဖွဲ့သည် လူသစ်စုဆောင်းရာတွင် အသက်အရွယ်ကြီးသူ ကျား/မ မရွေး
စုဆောင်းနေသလို ၁၀ နှစ်နဲ့ အထက် ကလေးလူငယ်အားလုံးကိုလည်း
လူသစ်အဖြစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ရာ တွင်လည်း ငွေမပေးနိုင်သူများထံမှ
ကြက်၊ ၀က်၊ ကျွဲ၊ နွား ရှိတာ အကုန်ယူပြီး၊ ၄င်းအဖွဲ့ ထဲမှ
ခေါင်းဆောင်လုပ်သူက ရှမ်းပြည်နယ် တိုးတက်ရေးအတွက်
လူသစ်နှင့်ဆက်ကြေးငွေများကို မပေးချင်လည်းပေး၊ ပေးချင်လည်းပေးရမည်ဟု
ပြောကြားသွားကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါအဖွဲ့သည် လွိုင်ချိုကျေးရွာအုပ်စု၊ ကုန်းပုတ်ကျေးရွာတွင်လည်း
လူသစ်နှင့် ဆက်ကြေးငွေများ ဆက်လက် ကောက်ခံနေကြောင်း ကုန်းပုတ်ကျေးရွာသား
တစ်ဦး၏ ပြောပြချက်အရ သိရသည်။ မည်သို့ပင်
ရှမ်းပြည်နယ် တိုးတက်ရေးအတွက်ဆိုပြီး အကြောင်းပြကာ
လူသစ်နှင့်ဆက်ကြေး ဘယ်လောက်ပဲ ကောက်ကောက် ရှမ်းပြည်နယ်ကြီးက မတိုးတက်သည့်အပြင် ဒေသခံတိုင်းရင်းသားများ၏ ဘ၀မှာလည်း
ဆင်းရဲတွင်း နက်သထက် နက်နေကြောင်း မိုးနဲမြို့ခံတစ်ဦးက ပြောပါသည်။
စိုင်းသီဟ
No comments:
Post a Comment