၂၀၁၅ စက်တင်ဘာ ၁၆
“ လူသစ်နဲ့ဆက်ကြေး တောင်းခံရတဲ့ရွာတွေက လားဟူလူမျိုးနဲ့ ပလောင်လူမျိုးအများဆုံးနေထိုင် တဲ့ ကျေးရွာတွေပါ၊ မင်းတို့လားဟူနဲ့ ပလောင်လူမျိုးတွေ ဒီရှမ်းပြည်နယ်မှာနေရင် မင်းတို့လည်း
ဒီအဖွဲ့ထဲ ၀င်ရမှာပဲ၊ မင်းတို့ မ၀င်ချင်ရင် ဒီရှမ်းပြည်နယ်မှာ မနေနဲ့လို့ပြောတယ်၊ စက်တင်ဘာလထဲ နောက်ဆုံး ထားပြီး
ကျေးရွာတစ်ရွာကို လူသစ် ၁၀ ဦးနှင့် ဆက်ကြေးငွေ ၅ သိန်းစီပေးရမယ်လို့ ပြောသွားတယ်
” ဟု အမည်မဖော်လိုသူရွာသား တစ်ဦးမှ ပြောသွားပါသည်။
SSPP/ SSA အဖွဲ့သည် ပါးစပ်ကသာ ရှမ်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေသည်ဟု
ပြောပေမယ့် လူသစ်စု၊ ဆက်ကြေးကောက်မှုတွေကြောင့် ဒေသခံများ စားဝတ်နေရေး ကျပ်တည်းပြီး
လူနေမှု ဘ၀နိမ့်ကျနေရကြောင်း မိုင်းရှူးမြို့ခံတစ်ဦးမှ ပြောပြပါသည်။
စိုင်းသီဟ
Credit >>> Shan News
“ လူသစ်နဲ့ဆက်ကြေး တောင်းခံရတဲ့ရွာတွေက လားဟူလူမျိုးနဲ့ ပလောင်လူမျိုးအများဆုံးနေထု
SSPP/
စိုင်းသီဟ
Credit >>> Shan News
No comments:
Post a Comment