၂၀၁၅ စက်တင်ဘာ ၂၂
ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေသော KIA အဖွဲ့အနေဖြင့် မိမိဒေသ အတွင်းရှိ အတင်းအကြပ်လူသစ်စုဆောင်းသည့်လုပ်ရပ်သည် ငြိမ်းချမ်းရေးကို
လိုလားမှု မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း နှင့် ဒေသခံတိုင်းရင်းသားများမှာလ ည်း
KIA အဖွဲ့၏ လုပ်ရပ်များကို လွန်စွာစိတ်ပျက် လျက်ရှိကြောင်း တနိုင်းမြို့နေ ဒေသခံရှေ့နေ
တစ်ဦးက ပြောကြားသည်။
နော်ဂျာ
Credit >>> Kachin Daily News
ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ် ၊ တိန်ကောက်ကျေးရွာတွင်
နေထိုင်သော ဒေသခံရွာသားနှစ်ဦးအား KIA အဖွဲ့ဝင်များမှ တပ်သားသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းရွာသားတစ်ဦး ထံမှ သိရသည်။ တနိုင်းမြို့နယ် ၊ တိန်ကောက်ကျေးရွာသို့ စက်တင်ဘာလ ၁၈ ရက်နေ့တွင်
KIA အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ရွာသားနှစ်ဦးအား KIA တပ်ဖွဲ့တွင် တပ်သားသစ်အဖြစ်
တာဝန်ထမ်းဆောင် ခိုင်းစေရန် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါအဖွဲ့မှ အတင်းအကြပ်
ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံနှစ်ဦးမှာ တိန်ကောက်ကျေးရွာနေ မောင်ဆွမ်လွတ်တန်
၂၀ နှစ် (ကျောင်းသား) နှင့် မောင်နော်ဘာ ၁၈ နှစ် (တောင်သူ)တို့ ဖြစ်ကြောင်း
ယင်းကျေးရွာမှ ရွာသားတစ်ဦး က ပြောသည်။ ကချင်ပြည်နယ်ရှိ ကျေးရွာများ တွင် KIA
တပ်ဖွဲ့၏ လူသစ်အဖြစ် မကြာခဏ အတင်းအကြပ် ဖမ်းဆီးခြင်းများကြောင့် ဒေသခံလူငယ်များသည်လည်း ၄င်းတို့နေ ထိုင်သော ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင် နေ
ရကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေသော KIA အဖွဲ့အနေဖြင့် မိမိဒေသ အတွင်းရှိ အတင်းအကြပ်လူသစ်စုဆောင်းသည့
Credit >>> Kachin Daily News
No comments:
Post a Comment