၂၀၁၅ စက်တင်ဘာ ၇
လားရှိုး၊ စက် (၅) မှန်ကောင်း(လားရှိုး)
Credit >>> Lashio News Diary
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်သည် စက်တင်ဘာလ (၅) ရက်၊ မွန်းလွဲပိုင်း ၁
နာရီက ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြည်နယ်အဆင့်
ဌာနဆိုင်ရာ များနှင့် တွေ့ဆုံကာ ကိုးကန့်ဒေသအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ
လုံခြုံရေး အစည်းအဝေး ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ကိုးကန့် ဒေသတွင် ရွေးကောက် ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုတည်းက မဟုတ်ဘဲ
ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည်တို့ကို ထည့်သွင်း မှာကြားသည်။
ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ် က ကိုးကန့်ဒေသ အခြေအနေများကို လည်းကောင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး က ရွေးကောက်ပွဲဆိုင်ရာ
လုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က
လိုအပ်သည် များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment