Wednesday, September 16, 2015

တရုတ်က တောင်တရုတ်ပင်လယ် အတွင်း တတိယမြောက် လေယာဉ်ကွင်း တည်ဆောက်နေဟုဆို

၂၀၁၅ စက်တင်ဘာ ၁၆   


ဝါရှင်တန် ၊ ၁၆-၉-၂ဝ၁၅
တရုတ်နိုင်ငံသည်  တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွားပိုင်နက်နယ်မြေ အတွင်း၌ တတိယမြောက် လေယာဉ်ကွင်း တည်ဆောက်လျက် ရှိကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ရယူနိုင်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများအား ကိုးကား၍ အမေရိကန် ကျွမ်းကျင် ပညာရှင် တစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ဖော် ပြောကြား ထားသည်။

အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာ CSIS က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အရ စပရက်တလီ ကျွန်းစုများအတွင်း တရုတ်နိုင်ငံက ဆောက်လုပ်ထားသည့် ကျွန်းတုများအနက် တစ်ခုဖြစ်သော Mischief ကျောက်တန်းပေါ်တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြုလုပ်နေမှုကို ဖော်ပြထားကြောင်း သိရသည်။

တရုတ်နိုင်ငံက အခြားကျောက်တန်းနှစ်ခုပေါ်တွင် တည်ဆောက်ခဲ့သည့်အတိုင်း အခြေခံ အဆောက် အအုံများ ဆောက်လုပ်နေမှုကို အဆိုပါ ဓာတ်ပုံများက သိသာ ထင်ရှားစွာ ပြသထားကြောင်း CSIS မှ အာရှ ပင်လယ်ရေကြောင်း လွယ်ကူစွာ လှုပ်ရှားသွားလာနိုင်မှု အစီအစဉ် ညွှန်ကြားရေးမှူး ဂရက်ပိုလင်း က ပြောကြားခဲ့သည်။

မီတာ ၃ဝဝဝ အရှည်ရှိသော လေယာဉ်ကွင်းတစ်ခုနှင့် သင်္ဘောများအတွက် ဆိပ်ကမ်း အဆောက်အအုံ အချို့ ဆောက်လုပ်လျက်ရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီး ၄င်းတို့အနေဖြင့် ခေတ်မီ လေကြာင်း ရန် ကာကွယ်ရေးပစ္စည်းများ တပ်ဆင်မည်ဆိုပါက အထူးစိုးရိမ်ဖွယ်ဖြစ်ကြောင်း ၄င်းက ပြောကြား ထားသည်။

‪Credit >>> PyiChitThar

No comments:

Post a Comment