၂၀၁၅ စက်တင်ဘာ ၂၁
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မန်ဟိုအက်ရွာသို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ယူနီဖောင်းဝတ် အင်အား ၅ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်လျှက် ရောက်ရှိလာပြီး ၄င်းရွာရှိ မူလတန်းကျောင်းနှင့် မန်လုံခေါင်ရွာ၊ မုံးပေါ်လေးရွာ၊ ဆိုင်းခေါင်ရွာ စသည့်ရွာများရှိ မူလတန်းကျောင်းများတွင် ကပ်ထားသော မဲစာရင်းများအား လိုက်လံခွာယူသွား ကြောင်းနှင့် ထပ်မံ၍ မဲစာရင်းကပ်ခြင်း မပြုလုပ်ရန် ကျေးရွာသူကြီးများအား ပြော ပြီး ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

အဆိုပါအဖွဲ့သည် မန်ဟိုအက်ရွာနှင့် ၄င်းရွာအနီးရှိ ကျေးရွာများတွင်လည်း လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ကာ ယခုကဲ့လို နိုင်ထက်စီးနင်း အနိုင်ကျင့် လုပ်ဆောင်ခြင်းများနှင့် ကျေးရွာများရှိ လူငယ်များအား အတင်းအဓ္ဓမ လူသစ်စုခြင်း၊ ဆက်ကြေးငွေများအား အတင်းအကြပ် မကြာခဏ ကောက်ခံနေခြင်းကြောင့် ဒေသခံ တိုင်းရင်းသားများမှာ အခြားမြို့နယ်များသို့ ထွက်ပြေးတိန်းရှောင်နေရကြောင်း မန်ဟိုအက်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
No comments:
Post a Comment