၂၀၁၅ စက်တင်ဘာ ၁၆
စိုင်းသီဟ
Credit >>> Shan News
“ ကျွန်တော်တို့ရွာကို စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၈ နာရီလောက်မှာ
RCSS/ SSA အဖွဲ့ရောက်လာ တယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လူသစ် ၅ ယောက်နဲ့
ဆက်ကြေးငွေ တစ်အိမ်ထောင်ကို ၁၀၀၀၀ တောင်းတယ်၊ ကျွန်တော်တို့ရွာတွေမှာ တောင်ယာအလုပ်ပဲ
ရှိတယ်၊ အခြားဘာဝင်ငွေမှမရှိဘူး၊ မပေးချင်ပေမဲ့ ကြောက်တော့ ပေးလိုက်ရတယ်” ဟု ဒေသခံရွာသားတစ်ဦးမှ
ပြောပါသည်။
“ကျွန်တော်တို့ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးကို လည်း သူတို့အဖွဲ့တွေက
ဆင့်ခေါ်တယ်၊ ရွာမှာက ရွာလုံးကျွတ် အလှူပွဲကျင်ပနေတော့ အားလုံးက အလုပ်များနေကြတယ်၊ ရွာအလှူပွဲပျက်မှာကြောက်တော့ 
သွားရတာပဲ၊ အလှူပွဲ ကျင်းပနေလို့လားတော့မသိဘူး၊ ဘာမှတော့ မတောင်းဘူး၊ ရွာသူ/ရွာသားအားလုံးက
ရွာကအလှူပွဲပျက်မှာကို အရမ်း စိုးရိမ်နေကြတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လာမှပဲ
အားလုံး စိတ်အေးရ တယ်” ဟု ၀မ်မိုင်ကျေးရွာမှ ရပ်မိရပ်ဖများမှ ပြောပါသည်။
RCSS/ SSA သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
တည်ဆောက်ပြီးသည့်အဖွဲ့ ဖြစ်ပြီး တစ်ပြည်လုံးအပစ်ရပ်ရေး လက်မှတ်ရေးထိုးရန်အတွက် သဘောတူထားသည့် အဖွဲ့ဖြစ်ပါလျက်
ရှမ်းပြည်နယ်တွင် ရှိသော တိုင်းရင်းသားများ၏ ပင်ပန်းဆင်းရဲစွာ ရှာဖွေစုဆောင်းထားသည့် ငွေကိုမှ ဆက်ကြေးငွေအဖြစ် ကောက်ခံနေခြင်းကို နားမလည်နိုင်ဖြစ်ရကြောင်း ကွန်ဟိန်းမြို့ခံတစ်ဦးမှ
ပြောပါ သည်။
“ကျွန်တော်တို့ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးကို
RCSS/
စိုင်းသီဟ
Credit >>> Shan News
No comments:
Post a Comment