၂၀၁၅ စက်တင်ဘာ ၁၉
မူဆယ် စက်တင်ဘာ ၁၈
Credit >>> MYANMAALINNNEWS
မူဆယ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ပြည်ထောင်စုလမ်းမ
စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၅ ရက်က သတင်းအရ လားရှိုးဘက်မှ လာသော
တရုတ်ကားLIFAN အမျိုးအစား MDY4EC/----- အား ရပ်တန့်စေပြီး ရှာဖွေရာ
ယာဉ်ကိုယ်ထည် ကြမ်းခင်းအောက်တွင် အခိုင်အမာ သိုဝှက် ထားသော
မြန်မာ့ကျောက်စိမ်းရိုင်းတုံး(အခဲ၊ ခဲခြမ်း၊ ဖြတ်စအရွယ်စုံ)စုစုပေါင်း ၂၁၄၈
ကီလိုဂရမ် အား ဌာနပေါင်းစုံ ရွေ့လျားလှုပ်ရှားအဖွဲ့က သိမ်းဆည်းရရှိသည်။
အဆိုပါ သိမ်းဆည်းရရှိသော အကောက်ခွန်မဲ့ ကျောက်စိမ်းတုံးများကို စက်တင်ဘာ ၁၇
ရက် ညနေပိုင်းက မြန်မာ့ကျောက်မျက် ကုန်စည်ဒိုင်(မူဆယ်)သို့လည်းကောင်း
လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရှိရသည်။
အယ်လ်စိုး(Iprd)Credit >>> MYANMAALINNNEWS
No comments:
Post a Comment