၂၀၁၅ စက်တင်ဘာ ၃
Credit >>> Taifreedom
KIA
တပ်ဖွဲ့မှ ကချင်ပြည်နယ် လွယ်ကျယ်အုပ်စုအတွင်းရှိ ဒေသခြံထွက်သီးနှံဖြစ်တဲ့ ကြံနှင့်
အခြားသီးနှံများ အား ဆက်ကြေးများကောက်ခံနေကြောင်း ဒေသခံလူထုမှ
ပြောကြားခဲ့ပါသည်။ လွယ်ကျယ်အုပ်စုဟာ ရွာပေါင်း ၈ ရွာရှိပြီး ဆက်ကြေးအတွက်
ခြံမြေတစ်မူးလျှင် တရုတ် ယွမ်ငွေ ၃၀ ယွမ်ပေးဆောင် ရမည်ဖြစ်ပြီး ခြံမြေတစ်ဧကလျှင် ၅
မူးရှိကာ ဆက်ကြေးအတွက် သွားရောက်မပေးဆောင်ပါက သို့မဟုတ် ခြံမြေလိမ်လည်ပြီး
အပြည့်အစုံမပေးဆောင်ပါက ခြံမြေများ KIA တပ်ဖွဲ့မှသိမ်းဆီးခြင်းကို ခံရမည်
ဖြစ်ကြောင်း KIA တပ်ဖွဲ့မှ ဒေသခံလုထုအား အမိန့်ထုတ်ပြန် ထားကြောင်း သိရပါတယ်။
ဒေသခံတစ်ဦးမှ
ဒီနှစ်အတွင်း ကျွန်တော်တို့ ဖရဲသီးစိုက်ကြတယ် ဖရဲသီးကဈေးမကောင်းတော့ အရှုံးပေါ်ကြတယ်
ဒီအရှူုံးပေါ်နေတဲ့ကြားက ကြံနဲ့တခြားသီးနှံတွေပါ KIA ဆပ်ကြေးတောင်းတယ် သူတို့ရဲ့
စစ်တပ်နဲ့ဆိုင်တဲ့ ကိစ္စတွေလဲ လတိုင်းလိုလို လုပ်အားသွားပေးနေရတယ် ယောင်္ကျားသားတွေ
အိမ်နေရတဲ့ အချိန်ဆို မရှိသလောက်ပဲ မိသားစုအလုပ်ကိုလဲမကူနိုင်ဘူး ပြီးတော့
ကုန်းသာရွာမှာရှိတဲ့ လယ်ယာ ခြံတွေမှာ KIA က မိုင်းတွေထောင်ထားတော့
ဘာမှသွားလုပ်စားမရဘူး taifreedomသို့ အခုလိုပြောကြားခဲ့ပါတယ်။
အဆိုပါဆက်ကြေးကို
၂၀၁၅ စက်တင်ဘာလ ၁ ရက်နေ့တွင် သွားရောက် ပေးဆောင်ရမည်ဟု KIA အမိန်.ထုတ်ထားကြောင်း
ဒေသခံတစ်ဦးထံမှ သတင်းရရှိပါတယ်။
No comments:
Post a Comment