Sunday, June 30, 2013

ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန် လုပ်ကြည့်ပါ


1 July 2013


    လေ့ကျင့်ခန်းလုံးဝမလုပ်သူများတွင်အသားအရေပွခြင်း၊အမောမခံနိုင်ခြင်း၊အရေပြားတွဲခြင်း၊လှုပ်ရှားမှုလေး တွဲခြင်း၊ အသားအရေညစ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာချေဖျက်မှုမကောင်းခြင်း၊ လေဖြတ်လွယ်ခြင်း၊ ကိုယ်ခံအားမကောင်းခြင်း၊သွေးလှည့်ပတ်မှုမကောင်းခြင်း၊ခန္ဓာကိုယ်အစိတ်အပိုင်းများနာကျဉ်ကိုက်ခဲလွယ်ခြင်း
တို့ဖြစ်စေတတ်သည်။အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအမျိုးမျိုးရှိသူများတွင်လည်းပုံမှန် လေ့ကျင့်ခန်း လုပ်သင့်သည်။

ထိုမျှမကအညောင်းထိုင်၊ အသည်းအဆီဖုံး၊ ကျီးပေါင်း၊ ဒူးနာ၊ ခါးနာသည့် လူများတွင်လည်း မိမိတို့၏ ခံနိုင်စွမ်းရည်၊ရောဂါလက္ခဏာ၊အသက်၊အခြေအနေအလျောက် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်သင့် သည်။ခန္ဓာကိုယ်လှပကျစ်လစ်စေဖို့ကောက်ကြောင်းများပေါ်ဖို့၊ဗိုက်(၆)ရစ်ရှိဖို့စသည်တို့လည်းအခြေခံအားဖြင့်   လေ့ကျင့်ခန်း ပြုလုပ်ခြင်းပေါ် မူတည်သည်။ လေ့ကျင့်ခန်း လုံးဝမရှိသူများ အဖို့ ကြွက်သားများ ချိနဲ့ခြင်း၊ အကြောများ ပုံမှန် မပွင့်ခြင်းစသည့် ပြဿနာများ ရှိစေနိုင်သည်။ အနှေးပြေးခြင်း၊ လမ်းလျှောက်ခြင်းက ဆိုးဝါးသော ကိုလက်စထရောLDLLevelကိုကျစေသည်။ စိတ်ပင်ပန်းမှုကို တိုက်ထုတ်ဖို့ရန်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အားကစားတစ်ခုခု ပြုလုပ်ခြင်း ရှိဖို့လိုသည်။ အရိုးသိပ်သည်းဆအတွက် အရိုးများကို ကာကွယ်ရန်၊ သန်မာစေရန် ကိုယ်လက်လှုပ်ရှားမှု၊ ကယ်စီယမ်၊ ပိုတက်စီယမ်များ စားသုံးရန်လိုသည်။ စိတ်ခံစားမှု Mood issue များအတွက် Endorphins ဟိုမုန်းကိုမြှင့်ပေးပြီး Cortisol Level ကျစေရန် ပုံမှန် လေ့ကျင့်ခန်း လုပ်ရမည်။ 


Health Updates Journal

No comments:

Post a Comment