ညဘက်များတွင်လက်ကိုက်ဖုန်းနှင့်တက်ဘလက်ကွန်ပျူတာသုံးသူများအိပ်စက်ခြင်းနှင့်ပတ်သက်၍အနှောင့် အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ
၁၂လက်မခန့်အကွာအဝေးတွင်ထားရှိပြီးအသုံးပြုသင့်ကြောင်းကိုသုတေသီများကလည်းအကြံပြုထားပါသည် ။
ညဖက်တွင် အသုံးပြုနေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့်ဖြစ်ပါတယ် ။
မျက်စိအမြင်အာရုံကိုအယ်လ်အီးဒီမီးရောင်ရိုတ်ခတ်သဖြင့်လူကိုအိပ်ပျော်စေသည့် မေလာနင်ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီးအိပ်ချင်စိတ်ပျောက်သွားတက်ပါသည်။လူတစ်ယောက်သည့် အိပ်ချင်စိတ်ပျောက်သွား ခဲ့လျှင်မျက်စိကြောင်ခြင်းနှင့်အတူအိပ်စက်ခြင်းမရတော့ပါ။ထိုကဲ့သို့အိပ်စက်ခြင်းပျောက်လာသည့်ညအချိန် များစွာဖြစ်လာခဲ့လျှင်လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည် ။
အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြစ်ရောဂါအထိ ရရှိနိုင်ပါသည် ။
ဒါကြောင့် သင်သည်မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြု့ မိ အသုံးပြု့ လေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်း အကြံပြုလိုက်ပါသည်။
Mg Mandalay
No comments:
Post a Comment