ကြက်ဥ လိုပုံစံ တည်ဆောက် ထားတဲ့ကား ဖြစ်ပါတယ်။
ကားလို့တောင် မခေါ်ပါဘူး။ Personal Vehicle လို့ခေါ်တဲ့တစ်ယောက်စီးခရီးတိုသွားလာယာဉ်ဖြစ်ပါတယ်။မြို့ထဲမှာအသုံးပြုဖို့အတွက်ပါ။လျှပ်စစ် မော်တာနဲ့
အလုပ်လုပ်မယ့်ယာဉ်ဖြစ်ပါတယ်။ဘယ်ခြေထောက်မှာရှေ့သွားဖို့နင်းစရာပါပြီးညာခြေထောက်က နောက်ပြန် သွားဖို့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘေးဘယ်ညာ ကွေ့ဖို့က ဘော်ဒီကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီးတစ်စီးသွားနှုန်းလောက်ပါပဲ။ခါးတစ်ဝက်လောက်ထိအကာအကွယ်ပေးပြီးစီးမယ်ဆိုရင်ဦးထုပ် ဆောင်း ရပါတယ်။မတ်တပ်ရပ်ပြီးတော့စီးရတာဖြစ်ပါတယ်။E4Uလို့အမည်ပေးထားတဲ့ယာဉ်ဖြစ်ပြီးတောင်ကိုးရီးယား Hyundai ကားကုမ္မဏီက ထုတ်တာ ဖြစ်ပါတယ်။
မြ၀တီ
No comments:
Post a Comment