Monday, June 10, 2013

လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သော မအေးအေးဝင်းအား ဓာတ်ဆီလောင်းမီးရှို့သည့် တရားခံ နေ၀င်းအား တရားရုံးထုတ်စစ်ဆေး


11 June 2013


ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၃၀ တွင် လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များမှ မေလ ၂၈ ရက်နေ့တွင်း လားရှိုးမြို့ ရပ်ကွက်(၈) သိန်းနီလမ်းပေါ်၌ ဈေးရောင်းချနေသည့် မအေးအေးဝင်းအား ဓာတ်ဆီလောင်းမီးရှို့ခဲ့သူ တရားခံနေ၀င်းအား အကျဉ်းထောင်မှ လားရှိုးမြို့နယ် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ကြောင်း သိရပါသည်။ မြို့နယ် တရားသူကြီး နှင့် မြို့နယ် ဥပဒေအရာရှိတို့မှ ရာကြီးမှုအမှတ် ၃၃၇၆/၂၀၁၃ မူး/စိတ်ပုဒ်မ ၁၅/၁၆ (ဂ) အမှုမှ တရားလို လားရှိုးအမှတ်(၁)ရဲစခန်း ဒုရဲအုပ် စိုင်းဘိုဘိုနှင့် တရားလိုပြ သက်သေများဖြစ်သော ရဲတပ်ကြပ်ကြီး နေအောင်ဦး၊ရဲဒုတပ်ကြပ် ငြိမ်းချမ်းကို၊ ရပ်ကွက်(၈)အုပ်ချုပ်ရေးမှူး နှင့် လားရှိုးပြည်သူ့ဆေးရုံကြီး မှုခင်းဆရာဝန် ဒေါက်တာ လွင်ဦးတို့အား စစ်ဆေးခဲ့ပြီး ယနေ့ ဇွန်လ(၁၁)ရက်နေ့သို့ ထပ်မံချိန်ဆိုခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment