27 June 2013
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသောမုံရွာမြို့ဘုန်းစိုးရပ်ကွက် ကျောက္ကာ လမ်းမကြီးပေါ်ရှိ အအေးခန်း 3D ရုပ်ရှင်ရုံ
တစ်ရုံတွင် ဇွန် ၂၃ ရက် နံနက် ၁၁ နာရီက ပြည်သူ လူထု၏သတင်းပေး တိုင်တန်းချက်များ အရ သက်ဆိုင်ရာမှ ဝင်ရောက်ဖမ်းဆီး အရေးယူခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး၏ မှတ်တမ်းများ အရ သိရသည်။
အဆိုပါ ရဲဌာနပိုင် မှတ်တမ်းများ အရ ဇွန်
၂၃ ရက် နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကြူအင်း၊ အမှတ်(၂)
ရဲစခန်းမှူး ဦးညီညီအောင်၊ စည်ပင်သာယာ ဒုတိယ ဦးစီးမှူး ဦးအောင်လွင်ဦး၊
မြို့နယ် ဗီဒီယို အခြေခံ အဖွဲ့နှင့် ဘုန်းစိုးရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးမျိုးအေးနှင့် အဖွဲ့တို့ ပူးပေါင်း၍ မုံရွာမြို့ ဘုန်းစိုးရပ် ကွက်
ကျောက္ကာလမ်းရှိ ''စိမ်းရွှေဝါ'' အအေးခန်း သီးသန့် ရုပ်ရှင်ရုံကို ဝင်ေ ရာက်
စိစစ်ရာတွင် ဆင်ဆာမဲ့
နိုင်ငံခြား ဇာတ်လမ်းတွဲ 3D အခွေများ အသုံးပြုကာ
တရားမဝင် ပြသနေသည်ကို စိစစ် တွေ့ရှိခဲ့သည်။ ထို့ပြင် စုံတွဲများ သီးသန့်
ကြည့်ရှုနိုင်ရန် အအေးခန်းများ စီစဉ် ပေးထားကာ ဇာတ်လမ်းတွဲကို ကြည့်ရှု နေ
သော စုံတွဲများကိုလည်း တွေ့ရှိခဲ့ရ သဖြင့် ဆက်စပ်ပစ္စည်းများနှင့် အတူ
တာဝန်ခံ၍ လုပ်ကိုင်သူ ဦးသီဟဆွေ ဆိုသူအား ဥပဒေအရ အရေးယူ ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
''သီးသန့်အအေးခန်းတွေ ပြုလုပ်ပြီး စုံတွဲတွေကို အဓိကထား ပြသနေတာကြောင့် အချိန်မရွေး ပြစ်မှုတွေ
ပေါ်ပေါက်
လာနိုင်ပါတယ်။ သတ်မှတ် စည်းကမ်းနဲ့ မကိုက်ညီတဲ့ အတွက် အခုလို အရေးယူ
ခဲ့ရတာ ဖြစ် ပါတယ်''ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ အကြီးတန်း အရာရှိ
တစ်ဦးက ပြောကြားခဲ့သည်။ အအေးခန်း သီးသန့် ရုပ်ရှင် ပြသရာတွင် အသုံးပြုလျက်
ရှိသော ဆက်စပ် ပစ္စည်းများ ကို သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့က ရှာဖွေ
သိမ်းဆည်းရာတွင် အောက်ထပ် လက်မှတ် အရောင်းကောင်တာမှ သိမ်းဆည်းပစ္စည်း ၁ဝ
မျိုး၊အပေါ်ထပ် အခန်း B မှ သိမ်းဆည်းပစ္စည်း ခြောက်မျိုး၊ အပေါ်ထပ် အခန်း C မှ သိမ်းဆည်းပစ္စည်း ခြောက်မျိုးနှင့်
အောက်ထပ်အခန်း D မှ သိမ်းဆည်းပစ္စည်း
ခုနစ်မျိုးတို့ကို သိမ်းဆည်း ရရှိခဲ့သည်။ အဆိုပါ သီးသန့် အအေးခန်း
ရုပ်ရှင်ရုံ ပြသနေခြင်းကို တရားဥပဒေ အရ အရေးယူနိုင်ရန် အတွက် ဆက်လက်
ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။
မြ၀တီ
No comments:
Post a Comment