ဇွန်လ၉ရက်နေ့ကTNLA(ပလောင်)မှဗိုလ်ကြီးအိုက်ကြည်ဦးဆောင်သောအင်အား (၃၀)ဦးမှာ ပြောက်ကျား ယူနီများဝတ်ဆင်၍သေနတ်များကိုင်ဆောင်ကာကျောက်မဲမြို့နယ်မန်ဝဲကျေးရွာမှနမ့်လင်းကျေးရွာနှင့် ခေးခင်း
ကျေးရွာသို့ရောက်ရှိလာပြီးကျေးရွာ အတွင်းအိမ်ထောင်စု တစ်စုလျှင်ဆန်(၁)အိတ်နှင့် ငွေ၅၀၀၀ကျပ် ပေးဆောင်ရန်နှင့်ကားပိုင်ရှင်များမှကား(၁)စီးလျှင်(၁၅၀၀၀၀)ကျပ်၊ထော်လာဂျီ(၁)စီးလျင်(၁၀၀၀၀၀)ကျပ် ပေးဆောင်ရမည်ဟုပြောပြီးအိမ်ထောင်စုတစ်စုတွင်အမျိုးသား(၃)ဦးရှိပါက(၁)ဦးမှာTNLA(ပလောင်)အဖွဲ့ သို့ဝင်ရောက်ရမည်ဟုခြိမ်းခြောက်ပြောဆို၍အတင်းအဓမ္မလူသစ်စုဆောင်းလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
No comments:
Post a Comment