မူဆယ်မြို့တွင်ဇွန်လ၂ရက်နေ့ကSSA(ရွက်ဆစ်)တပ်ရင်း ၇၀၁၏ စေခိုင်းချက်အရ ရှမ်းလူငယ်တစ်ဦးသည် မူဆယ်မြို့စွမ်းစော်ရပ်ကွက်နေဦးစိုးတင့်(ကိုးကန့်/ဗုဒ္ဓ(စီးကရက်စက်ရုံပိုင်ရှင်)ထံသို့ရောက်လာပြီးဆက်ကြေး
တောင်းခံစာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။၎င်းတို့ပေးပို့သောစာတွင်စီးကရက်စက်ရုံပိုင်ရှင်ပိုင်ရှင် ဦးစိုးတင့်မှငွေကျပ်သိန်း(၅၀)အားဇွန်လ(၅)ရက်နေ့တွင်နောက်ဆုံးထားပေးသွင်းရန်ဖော်ပြထားပြီးRCSS/SSA တပ်ရင်း (၇၀၁)မှ ဒုမှူးကြီး စွမ်မိန်းမှ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
RCSS/SSA ရွက်ဆစ်အဖွဲ့ အနေဖြင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ သဘော တူညီချက် ၁၂ချက်ကိုချိုးဖောက်ပြီးအကြောင်းအမျိုးမျိုးပြကာဥပဒေမဲ့ဆက်ကြေးကောက်ခံခြင်းများမကြာခဏပြုလုပ် နေကြာင်း သိရသည်။

No comments:
Post a Comment