(၁) နိုင်ငံတော်အစိုးရနှင့် KIO တို့နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။
(၂) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချခြင်း တိုက်ပွဲများထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်း ခြင်း တို့ကို ဆောင်ရွက်သွားရန်သဘောတူသည်။
(၃) နှစ်ဖက်ကိုယ်စာလှယ်များပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့( Joint Monitoring Committee)
ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။
(၄)နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။
(၅) တပ်ပိုင်းဆိုင်ရာတပ်နေရာချထားမှုများနှင့်ပတ်သက်၍ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် သဘော တူသည်။
(၆) လိုအပ်သော လုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်ရန် KIO ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ (Technical Team)ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။
(၇) နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင်ယခုအကြိမ်တက်ရောက်သည့်အဖွဲ့များမှကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန်ဘဘောတူသည်။အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိနှိုင်းဆောင်ရွက် သွားရန် သဘောတူသည်။
No comments:
Post a Comment