အမျိုး၊ဘာသာ၊သာသနာထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှုသည်ရည်ရွယ်ချက်ကောင်း ကြောင်း၊ သံဃာ၁၀၀၀ကျော် တက်ရောက်သည့်အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ
မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
ထို့အပြင်သီတဂူဆရာတော်ကြီးကအမျိုးဘာသာ၊သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက် ကအစိုးရ၊နိုင်ငံတော်သံဃမဟာနာက၊သံဃာထုတစ်ရပ်လုံးစည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအကြံပေးဆွေးနွေးသူဦး ရဲခေါင်ညွန့်ကလည်းယင်းဥပဒေ သည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။
Popular Myanmar News Journal
No comments:
Post a Comment