Tuesday, June 18, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ အတွေးများဖြင့် ခေါင်းငိုက်စိုက်ကျလျက် ပြန်သွားရှာသော RCSS/SSA ဥက္ကဌ ရွက်ဆစ်

18 June 2013



  RCSS/SSAဥက္ကဌရွက်ဆစ်နှင့်အဖွဲ့ဝင်များသည်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီမှ ဦးအောင်မင်း၏ဖိတ်ကြားချက်အရနေပြည်တော်တွင်  နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်
 နှင့် နိုင်ငံရေးပါတီ၁၃ခုနှင့်တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုကြီးအကြောင်း၊ နိုင်ငံရေး၊ နည်းဥပဒေ များအကြောင်း စသည်ဖြင့်  တို င်းပြည်၏ အနာဂတ်အရေးအား  ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ သော်လည်း၂၀၁၃  ဇွန်လ၁၇ရက်နေ့ကျောက်မဲမြို့နယ်၊မွေတော်ကျးရွာနှင့်ကျောက်မဲမြို့၊မြို့ကျက်သရေဆာင်ခန်းမ၌ဒေသခံပြည်သူ များနှင့်တွေ့ဆုံစဉ် ဆွေးနွေးမေးမြန်းခဲ့သည့်အချက်များဖြစ်သော-

** ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေဖြင့် နယ်မြေအတွင်း အဖွဲ့မည်မျှရှိသနည်းသိရှိလို ကြောင်း၊ အဖွဲ့မျာအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များဆောင်ရွက်ပြီး အချင်းချင်းလွှဲချလျက်ရှိကြောင်း၊ အဆိုပါ အခြေအနေ များအား ဖြေရှင်းပေးစေလိုကြောင်း။ 

** နယ်မြေအတွင်း လူသစ်များစုဆောင်းလျက်ရှိသောကြောင့် ဒေသခံများမှ ထိုင်းနိုင်ငံသို့သွားရောက် ခိုလုံလျက်ရှိကြောင်း၊ကျေးရွာများအနေဖြင့်တပ်သားသစ်တစ်ဦးအတွက်၂၂သိန်းကျပ် ပေးဆောင်နေရကြောင်း၊ RCSS/SSAဥက္ကဌအနေဖြင့်သိရှိပါရဲ့လား ပြောကြားပေးစေလိုကြောင်း။ 

** SSA အဖွဲ့အနေဖြင့် အိမ်ထောင်စု (၁)စုလျှင် ဆက်ကြေးငွေ ၇၀၀၀၀ /၈၀၀၀၀ ကျပ်ကောက်ခံနေ မှုမှာ ဘာ့အတွက်ကြောင့် ကောက်ခံရသည်ကို RCSS/SSA ဥက္ကဌအနေဖြင့် ပြောကြားပေးစေ လိုကြောင်း။

** တပ်မတော်အနေဖြင့် ချောဆွဲခြင်းကိစ္စရပ်များ မရှိတော့သော်လည်း ရှမ်းစစ်တပ်အနေဖြင့် တစ်နေ့ လျှင် ဆိုင်ကယ် ၂ စီး တောင်းခံနေကြောင်း၊ ၄င်းတို့အနေဖြင့် ဆိုင်ကယ် ၁ စီး ၁ ရက် ကျပ် ၂၅၀၀၀ ဖြင့် ဌားရမ်းနေရ၍ အခက်ကြုံနေရကြောင်း။ 

** SSA (ရွက်ဆစ်) အဖွဲ့များအနေဖြင့် သီပေါမြို့နယ်အတွင်း တစ်အိမ်လျှင် ၄ သိန်းမှ ၅ သိန်းအထိ၊ ၁၀ ဘီးကား ၁ စီးလျှင်၁၀သိန်း၊ ၁၂ ဘီးကား ၁ စီးလျှင် ၁၂သိန်း ကောက်ခံနေကြောင်း၊ လူသစ်စုလျက်ရှိသည်မှာသားမ၀င်ပါကအဖေ၊အဖေလုပ်သူ ထွက်ပြေးတိမ်းရှောင်ပါက အိမ်/ယာသိမ်းလျက် ရှိသောကြောင့် ပြည်သူ အများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း RCSS/SSA ဥက္ကဌအား အသိပေးလိုကြောင်း။ 

** နောက်ဆုံး ရှမ်းအမျိုးသမီးတစ်ဦးမှမေးလိုက်သည်မှာ ရှမ်းပြည်အတွက် အလုပ်လုပ်ရာတွင် သွေး တစ်စက်လှူးဖူးသလားဟုမေးချင်ပါကြောင်း၊တိုင်းပြည်အတွက်အလုပ်လုပ်နေပါက ပြည်သူကို ပြန်ကြည့်သင့်
ကြောင်း၊ RCSS / SSA ၏ ရည်မှန်းချက်အားယနေ့ထိ သဘောပေါက်နားလည်ခြင်း မရှိကြောင်း၊ စသည်ဖြင့် ဆွေးနွေး၍ မေးခွန်းပေါင်းများစွာ ထုတ်ပြန်ခဲ့ပေသည်။

RCSS/SSA ဥက္ကဌ ရွက်ဆစ်သည် အဆိုပါ ‘‘ကြောင်း” ပေါင်းများစွာသော မေးခွန်းများအား ပြန်လည် စိစစ် သွားပါမည်။၎င်းကိစ္စများအား မိမိအနေဖြင့် မသိရှိကြောင်း၊ အဆိုပါလုပ်ရပ်မှာ မှန်ကန်မှုမရှိကြောင်း စသည်ဖြင့် ဟိုလိုလို ဒီလိုလို ဖြင့် ဖြေကြားခဲ့ပါသည်။

RCSS/SSA ဥက္ကဌအနေဖြင့် ရှမ်းပြည်သူလူထု၏ မေးခွန်းများနှင့် ပတ်သက်၍ မကျေနပ်သဖြင့် ထပ်မံမေးမြန်းလိုက်သည်မှာ “ RCSS/SSA အဖွဲ့အနေဖြင့် လက်နက်ချလျှင် ပိုကောင်းမည်ဟု ယူဆပါက လက်ထောင်ပါရန်’’ ပြောကြားခဲ့ရာလက်နက်စွန့်လွတ်ရန်အတွက်လက်ပေါင်းများစွာ  ထောင်လျက်ရှိသည်ကို
တွေ့ရှိခဲ့ပေသည်။ သို့ဖြစ်၍ RCSS/ SSA ဥက္ကဌ ဦးရွက်ဆစ်ကြီးသည် ကျောက်မဲမှ မန္တလေး အပြန်လမ်းတွင် တိတ်ဆိတ်စွာဖြင့် တွေးလျက်ရှိသည်မှာ---- “ 

ငါဘာလုပ်ရပါ့မလဲ ? ငါဘာလုပ်ရပါ့မလဲ ? ငါဘာလုပ်ရပါ့မလဲ ? ’’

No comments:

Post a Comment