လားရှိုးမြို့တွင် မေ ၂၈ရက်မှ၂၉ရက်ည၈နာရီထိ ဖြစ်ပွားခဲ့သောပဋိပက္ခ ဖြစ်စဉ်ကြောင့်အရေးပေါ်ထုတ်ပြန် ခဲ့သော ပုဒ်မ ၁၄၄ အချိန်အား ဇွန် ၁၁ ရက် နေ့က ဒုတိယအကြိမ် ထပ်မံလျှော့ခဲ့ကြောင်း သိရပါသည်။ ပုဒ်မ၁၄၄စတင်အမိန့်ထုတ်ပြန်ခဲ့သည့် မေ၂၈ရက်တွင်ည၇နာရီမှနံနက်၅နာရီထိသွားလာခွင့်အားထိန်းသိမ်း
ကြပ်မတ်ခဲ့သော်လည်း ယခုအခါတွင်နယ်မြေအေးချမ်းသွားသဖြင့်ည၁၀နာရီမှနံနက်၃နာရီအထိပြောင်းလဲ သတ်မှတ်ခဲ့ကြောင်းသိရသည်။
ယခုအခါလားရှိုးမြို့တွင် ဈေးဆိုင်းများလည်းပုံမှန်ရောင်းချနေပြီးအများပြည်သူများမှာလည်းတည်ငြိမ်အေးချမ်းစွာ ပုံမှန်အတိုင်း သွားလာလှုပ်ရှာနေပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment