Saturday, June 22, 2013

အီတလီကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ဘရာဇီး


23 June 2013



ဒဏ်ရာပြဿနာရှိနေတဲ့ပေါ်လင်ဟိုနေရာမှာဟာနာနက်စ်ကိုလူစားထည့်သွင်းခဲ့တဲ့ဘရာဇီးရဲ့ကစားကွက်က အပြောင်းအလဲမရှိခဲ့ပေမယ့် အီတလီကတော့၎-၂-၃-၁ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးခြေသလုံး ကြွက်သား ဒဏ်ရာကြောင့်မပါဝင်နိုင်တဲ့ ပီယာလိုအစား မွန်တိုလီဗိုဝင်ရောက် ကစားသွားခဲ့ပါတယ်။ ပွဲချိန်အစောပိုင်း
ဘာလော့တယ်လီရဲ့ဂိုးပေါက်ကန်ချက်၂ကြိမ်ကလွဲရင်အီတလီတို့ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုး မလုပ်နိုင် ခဲ့ဘဲ ဘရာဇီးဘက်ကတော့တိုက်စစ်ပိုဆင်နိုင်ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့နေမာရဲ့ကန်ချက်တွေ ဂိုးပေါက်လွဲ   ချော် ခဲ့တာကြောင့်ဘရာဇီးတို့ဂိုးမရခဲ့ပါဘူး။ ပထမပိုင်းနာကျင်အချိန်ပိုအရောက်မှာတော့ဘရာဇီးတို့ ဂိုးစရ ခဲ့ပြီးနေမာရဲ့ပြစ်ဒဏ်ဘောကန်ချက်ကိုဖရက်ဒ်ခေါင်းတိုက်ခဲ့ရာမှာဘူဖွန်ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့   ဘောလုံးကိုဒန်တီကပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန်၅၁မိနစ်မှာဘာလော့တယ်လီနောက်ပေါက်နဲ့ချပေးလိုက်တဲ့ဘောလုံးကိုဂီယာချီရီနီရသွားပြီး ထောင့်ဖြတ် ကန်သွားယူနိုင်ခဲ့လို့အီတလီတို့ချေပဂိုးရခဲ့ပါတယ်။ဒါပေမဲ့ နောက်၎မိနစ်အကြာမှာ နေမာက ပြစ်ဒဏ်ဘောကန် ချက်နဲ့ ဘရာဇီးအတွက် ဒုတိယဂိုး သွင်းပေးနိုင်ခဲ့သလိုမာဆယ်လိုရဲ့ ဖြတ်တင်ဘောကနေ ဖရက်ဒ်က တတိယဂိုးသွင်းယူခဲ့ပြန်ပါတယ်။ ပွဲချိန် ၇၁မိနစ်အရောက်မှာ ထောင့်ကန်ဘောကနေ ချီလီနီက အီတလီအတွက် ဒုတိယချေပဂိုး သွင်းပေးနိုင်ခဲ့ပြီး ပွဲပြီးဖို့ ၂မိနစ်အလိုမှာ မာဆယ်လို ဖန်တီးပေးတာကနေ ဖရက်ဒ်က ပွဲသိမ်းဂိုးသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်မှာ စပိန်ကို ရှောင်လွဲနိုင်ခဲ့သလို နောက်ဆုံး ၇ကြိမ်တွေ့ဆုံမှုမှာ ၄ပွဲနိုင်၊ ၃ပွဲသရေ ရလဒ်ရယူသွားနိုင်ခဲ့ပါတယ်။ 

 yoe yar lay

No comments:

Post a Comment