
Epiphany onEPuck လို့ နာမည်ပြည့်ပြည့်စုံစုံ ခေါ်ပါတယ်။ အပူဓာတ်၊ အအေးဓာတ် နှစ်မျိုးလုံးကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်လို့မိုဘိုင်းဖုန်းများအားသွင်းနိုင်မှာဖြစ်ပါတယ်။ဒီလိုသွင်းလို့ရအောင် အတွင်းမှာ
ပါဝင်တဲ့ပစ္စည်းကအခြားမဟုတ်ပါဘူး။အင်ဂျင်သေးသေးတစ်လုံးဖြစ်ပါတယ်။နည်းပညာကလည်းအခုမှပေါ်တာ မဟုတ်ပါဘူး။၁၈၁၆ခုနှစ်ကတည်းကရှိနေတဲ့ရေနွေးငွေ့အင်ဂျင်Conceptကိုပဲအသုံးပြုသွားတာ ဖြစ်ပါတယ်။ ဒီတော့အပူလွန်၊အအေးလွန်စွမ်းကိုအသုံးချလို့အင်ဂျင်ငယ်လေးကလည်ပတ်မယ်။တစ်ဖက်က မော်တာတပ် ထားမယ်ဆိုရင်လျှပ်စစ်ဓာတ်အားထုတ်ဖို့ဆိုတာလွယ်ကူတဲ့ အခြေအနေတစ်ခုဖြစ်သွားပါတယ်။ တကူး တကတောင်လုပ်နေစရာမလိုပါဘူး။
မနက်စာစားချိန် ကော်ဖီသောက်၊ ရေနွေးသောက်ရင်းနဲ့တောင် အားသွင်းလို့ရမှာ ဖြစ်ပါတယ်။ ခွက်ရဲ့ အောက်ခြေကနေ ဖြစ်ပါတယ်။
USB ပေါက်ပါဝင်ပြိး ဘယ်ဖုန်း အမျိုးအစားနဲ့ မဆို အသုံးပြုလို့ရမယ့် ခွက်နဲ့ Chargerဖြစ်ပါတယ်။စမ်းသပ်တီထွင်မှုမှာ အောင်မြင်ပြီးမကြာမီထုတ်လုပ်ဖြန့်ချီတော့မယ့်ပစ္စည်းဖြစ်ကြောင်း သိရပါတယ်။
No comments:
Post a Comment