Wednesday, June 5, 2013

မန်တုံမြို့နယ် တွင် ရဲဝန်ထမ်း(၃)ဦးအား သတ်ဖြတ်သူများမှာ TNLA ဖြစ်သည်ဟုဒေသခံများယူဆ


6 June 2013


မန်တုံမြို့နယ်မန်တုံနမ္မတူသွားကားလမ်းအနီးတွင်အရပ်သား(၃)ဦးလက်ပြန်ကြိုးတုပ်နှောင်လျက် သေဆုံးနေ   ကြောင်းကိုလျှပ်စစ်ဝန်ထမ်းများမှတွေ့ရှိပြီးတာဝန်ရှိသူများသို့ဖုန်းဖြင့်ဆက်သွယ်ပြောဆိုသဖြင့်သွားရောက် 
ကြည့်ရှုခဲ့ရာစိုးသိန်း(ညာရင်အုံသေနတ်မှန်ဒဏ်ရာ)ရဲဝင်း(ဦးခေါင်းသေနတ်ဒဏ်ရာ)၀င်းဦး(ညာရင်အုံသေနတ် ဒဏ်ရာ)တို့ ဖြင့်သေဆုံးနေကြောင်းတွေ့ရပြီးထို ၃ ဦးမှာမန်တုံရဲစခန်းမှမန်ပတ်ရဲကင်းတွင်လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲဝန်ထမ်းများဖြစ်ကြောင်းသိရပါသည်။ အလောင်း(၃)လောင်းအနီးတွင် အမ်-၂၂ ကျည်၂ တောင့် အမ်-၂၂ ကျည်ခွံကို တွေ့ရပြီး TNLA သောင်းကျန်းသူများမှ ပတ်ခတ်သွားခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

No comments:

Post a Comment