Sunday, June 9, 2013

ဝမ်းနည်းသည့်အခါ ဘာလုပ်သင့်သလဲ ?


10 June 2013



ရယ်စရာ၊ ပျော်စရာများကို တွေးပါ။ စပရင်ပါသောကုတင်ပေါ်တွင် ခုန်ပါ။ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီး တရားထိုင်ကြည့်ပါ။အစပိုင်းခက်မလိုထင်ရသော်လည်းတရားထိုင်နည်းကိုCD ဖြင့်နားထောင်ပြီးလုပ်ကြည့်ပါ။
 ယောဂကျင့်စဉ်များကိုပြုလုပ်ခြင်းဖြင့်လည်းစိတ်လွတ်ကိုယ်လွတ်ဖြစ်နိုင်ပါသည်။

နောက်တစ်နေ့လုပ်ရမည့်အကြောင်းကိုစဉ်းစားပြီးလက်ရှိဝမ်းနည်းနေသည်များကိုဖျောက်ကြည့်ပါ။ 
(၁)တစ်ခုပြီးတစ်ခုလုပ်ပြီးကိုယ့်ကိုယ်ကိုအလုပ်များအောင်လုပ်ပါ။
(၂)ကြိုက်ရာကိုစားပြီး ပျော်စရာရုပ်ရှင်များကို ကြည့်ပါ။
(၃)သင်ချစ်သောသူများ၏အကြောင်းကိုတွေးပါ။ 
(၄)ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများကိုစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ 
(၅)စာရွက်တစ်ရွက်ပေါ်တွင်မိမိခံစားနေရသည့်ဝမ်းနည်းစရာအားလုံးကိုရေးချပါ။ (၆)အိမ်မွေးတိရစ္ဆာန်များနှင့် နေကြည့်ပါ။ သူတို့ကသင့်စိတ်ကို ပြောင်းလဲ စေနိုင်ပါတယ်။အတိတ်က မကောင်းသည့်ဖြစ်ရပ်များကို မတွေးပါနှင့်။ 
(၇)ဆွေးမြေ့တေးသံများကိုနားမထောင်ပါနှင့်။တစ်ယောက်တည်းမနေပါနှင့်။စိတ်မကောင်းဖြစ်ပြီး အစာမစားဘဲမနေပါနှင့်။ဓမ္မဓိဌာန်ကျကျစဉ်းစားပါ။ငိုနေလို့တန်ရဲ့လားဟုတွေးပေးပါ။မိမိအားသေချာစွာ နားထောင်ပေးပြီးဖေးကူအားပေးနိုင်သောသူငယ်ချင်းမိတ်ကောင်းနှင့်တွေ့ဆုံပါ။မိမိဝါသနာအပါဆုံးအလုပ်ကို လုပ်ပါ။


 ဒေါန Health Updates Journal

No comments:

Post a Comment