11 June 2013
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ကုလားအဓီကရုဏ်းတွင် လားရှိုးမြို့၊ ရပ်ကွက် (၈) သိန်းနီလမ်းဘေးအနီးဓာတ်ဆီရောင်းချနေသည့်မအေးအေးဝင်းအားဓာတ်ဆီလောင်းမီးရှီု့ခဲ့သူတရားခံ နေ၀င်းအားဇွန် ၁၀ ရက်နေ့ တွင်လားရှိုးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရပါသည်။

ယနေ့ ဇွန် ၁၁ ရက်နေ့တွင် လားရှိုးမြို့နယ်တရားသူကြီး ဦးနေ၀င်းမှတရားရုံးရာကြီးအမှတ်(၃၃၇၅/၁၃)ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုပုဒ်မ ၃၀၇ အရ အလုပ်နှင့်ထောင်ဒဏ် (၇) နှစ်၊ ပြစ်မှုပုဒ်မ ၃၂၆ အရ
အလုပ်နှင့်ထောင်ဒဏ်(၇)နှစ် သီးခြားစီကျခံရန်နှင့် ရာကြီးအမှုအမှတ် (၃၃၇၆/၁၃)၊မူး/စိတ်ပုဒ်မ ၁၅ အရ အလုပ်နှင့်ထောင်ဒဏ်(၅) နှစ်၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ် ပြစ်ဒဏ်များကို သီးခြားစီကျခံစေရန် အမိန်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အပြစ်ကျတရာခံ နေ၀င်းအား လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မိုးဇော်လင်းဦးစီးအဖွဲ့မှ ယနေ့နေ့လည် ၂နာရီခွဲအချိန်တွင် လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment