သီပေါမြို့၊ အုတ်ကျင်းရပ်ကွက် မဟာမြတ်မုနိဘုရားကြီး ပရ၀ုဏ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ၌ ဇွန်လ (၂၀)ရက်နေ့မှ(၂၃)ရက်နေ့ထိမဟာမြတ်မုနိဘုရားကြီးအကျိုးဆောင်ဆရာတော်ဘဒ္ဒန္တပညာသီရိနှင့်ဒါယိကာ
/ဒါယိကာမများစုပေါင်း၍၂၄ကြိမ်မြောက်မျက်စိရောဂါဝေဒ နာရှင်များအားအခမဲ့ဆေးကုသပေးရန်အတွက် မန္တလေးအလုပ်သမားဆေးရုံကြီးမှ မျက်စိအထူးကု ဆရာကြီးဒေါက်တာတင့်ထွန်းအောင်ဦးစီးဆရာဝန်များ တပ်မတော်ဆေးရုံပြင်ဦးလွင်မြို့မှဒေါက်တာခင်အေးမှု၊သီပေါမြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာမိုးမင်းထွဋ် တို့ဦးဆောင်၍ အခမဲ့ဆေးကုသမှု ပြုလုပ်ပေးခဲ့ရာ မျက်စိဝေဒနာရှင် ၃၉၈ ဦးအားစမ်းသပ်ပေးခဲ့ကြောင်းနှင့် (၇၁)ဦးအား ခွဲစိတ် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment