Wednesday, June 19, 2013

KIA အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံနေ


20 June 2013


ကချင်ပြည်နယ်၊ကာမိုင်းမြို့နယ်တွင်KIAအဖွဲ့မှကာမိုင်းမြို့နယ်တာဝန်ခံ ဂေါ်ဝီတိုက် နယ်မှူး ဦးလ၀န်သည် ဇွန် ပထမပတ်မှစ၍ ကားပိုင်ရှင်များ၊ ကုန်စုံဆိုင် ပိုင်ရှင်များထံမှ ဆက်ကြေးငွေများ ကောက်ခံနေသည်ဟု သိရှိရသည်။မိုးကောင်းကာမိုင်းလမ်းကြောင်းပေါ်တွင်ဖားကန့်သို့တရားမ၀င် ကျောက်စိမ်းသယ်ယူနေသော 
တုံဖန်းတစ်စီးလျှင်(၁)သိန်း(၅) သောင်းကျပ်၊ကာမိုင်းမြို့တွင်းရှိတုံဖန်းတစ်စီးလျှင်(၁)သိန်းကျပ်၊ကာမိုင်းမြို့ပေါ်ရှိ ကုန်စုံဆိုင် တစ်ဆိုင်လျှင် ၁ သိန်းကျပ်တို့ကို ပြောစာများဖြင့် လစဉ် ကောက်ခံနေကြောင်းမြို့ခံများထံမှသိရှိ ရသည်။``ကျွန်တော်ကဒီကာမိုင်းမြို့ခံပါတုံဖန်းတစ်စီးဝယ်ထားတာကြာပါပြီ၊ကချင်လွတ်လပ်ရေးတပ်အတွက် လစဉ်ငွေ(၁)သိန်းပေးရပါတယ်၊ငွေ(၁)သိန်းသွင်းတိုင်း ပြေစာ၁ စောင်ပေးပါတယ်၊  ပြေစာထဲမှာ(၁)သိန်းလို့ရေး ထားပေမယ့်တကယ်ပေးရတာက(၁)သိန်းခွဲပါ။

ဖားကန့်ဘက်ကိုသွားပြီး ကျောက်သယ်နေတဲ့ ကားတွေ ဆိုရင် လစဉ်ငွေ ၁ သိန်းခွဲပေးရတယ် ´´ ဟု မြို့ခံ တုံဖန်း ပိုင်ရှင်တစ်ဦးက ပြောပြသည်။ `` ကျွန်မတို့လည်း ကုန်စုံဆိုင်အတွက် ၁ လကို ငွေ ၁ သိန်း တိုက်နယ်မှူးဆီသွင်းရပါတယ်၊ကချင်လွတ်မြောက်ရေးတပ်က ကောက်ခိုင်းတာလို့ဦးလ၀န်က ပြောပါတယ်၊ ကျွန်မတို့ကလည်းဘာမှ ပြန်မပြောရဲတဲ့အတွက်တောင်းတဲ့အတိုင်း ပေးရတာပေါ့၊ ငွေ ၁ သိန်းသွင်းပြီးပြီ ဆိုတဲ့အကြောင်း ပြေစာယူထားရတယ်၊ ခဏခဏလာတောင်းတဲ့အတွက်အဲဒီပြေစာပြမှမတောင်းတော့တာ ´´ ဟု ကာမိုင်းမြို့ခံ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောပြသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့သည် ဖားကန့် ကျောက်စိမ်းမှော်တွင်လည်း ကျောက်ကုန်သည် များထံမှ ၁ လလျှင် ဆက်ကြေးငွေ ၃ သိန်းပေးရန် ဇွန် ပထမပတ်မှစ၍ တောင်းခံထားရာ ကုန်သည်များ အနေဖြင့်လည်း လုပ်ငန်းများ ရပ်ထားရသဖြင့်ဆက်ကြေးငွေပေးရန်အခက်အခဲဖြစ်နေကြောင်း၊ကာမိုင်းမြို့နယ်တွင်ဆက်ကြေးငွေ ကောက် ခံရသောကားပိုင်ရှင်များမှာ မြန်မာလူမျိုးအများစုဖြစ်ကြောင်းမိုးကောင်းကာမိုင်းလမ်းကြောင်းတွင်  ပြေးဆွဲနေ   သော တုံဖန်းကားပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ 


KDN (FB) နော်တူးဇော်

No comments:

Post a Comment