Wednesday, June 26, 2013

တရုတ်(တိုင်ပေ)ရှိ ကြက်ဥများတွင် အန္တရာယ် ဖြစ်စေနိုင်သည့် ဆေးဝါးများ တွေ့ရှိ


26 June 2013


တရုတ်(တိုင်ပေ)ရှိဈေးကွက်အတွင်းရောင်းချလျက်ရှိသောကြက်ဥများအနက်ရှစ်လုံးကိုအာဏာပိုင်များက စမ်းသပ်စစ်ဆေးခဲ့ရာ၎င်းကြက်ဥများတွင်လူသားများအတွက်အန္တရာယ်ဖြစ်စေနိုင်သောဆေးဝါးအကြွင်းအကျန်
များကိုတွေ့ရှိခဲ့ကြောင်းတိုင်ပေမြို့ကျန်းမာရေးဌာန(DOH)ကဇွန်၂၄ရက်တွင်ထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များသည်၎င်းကြက်ဥများကိုစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာပထမကြက်ဥတစ်လုံးတွင်Trimethoprim   ဆေးဝါးအနည်းငယ်ပါဝင် နေသည်ကို တွေ့ရှိခဲ့ပြီးအခြားကြက်ဥတစ်လုံးတွင်Trimethoprim နှင့်Florfenicol   ဆေးဝါးများပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ထို့ပြင်အခြားကြက်ဥ ခြောက်လုံးတွင်လည်း ဖော်ပြပါ ဆေးဝါးများ အနည်းငယ်ပါဝင်နေသည်ကိုထပ်မံတွေ့ရှိခဲ့ကြောင်း DOH က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆေးဝါးများသည် တိရစ္ဆာန်များ အတွက် တရားဝင် အသုံးပြုရန် ခွင့်ပြုထားခြင်း ဖြစ်သော်လည်း ကြက်ဥများတွင် အသုံးမပြုရန် တားမြစ်ထားသည်။ ထို့ပြင် လူသားများ အနေဖြင့် Trime- thoprim ဆေးဝါးများအား အလွန်အကျွံ သုံးစွဲမိပါက ကျောက်ကပ်ပျက်စီးခြင်း Florfenicol နှင့် Trimethoprim ဆေးဝါးများ သုံးစွဲပါ က သွေးအားနည်းခြင်း၊ သွေးနီဥဆဲလ်များ ပြားခြင်းစသည့် ရောဂါများကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ မြ၀တီ

No comments:

Post a Comment