ဇွန်လ၂၅ရက်နေ့ကမြန်မာတရုတ်နယ်စပ်မြို့ဖြစ်သောမူဆယ်နန်းတော်စစ်ဆေးရေးဂိတ်၌တရုတ်နိုင်ငံ ရွှေလီ ရဲဌာနတာဝန်ခံမစ္စမုံလီဖန်းနှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှအလုပ်သမား၅၇ဦးအားလာရောက်လွဲပြောင်း ပေး
ခဲ့ရာမူဆယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှဦးစီးအရာရှိနှင့်အဖွဲ့ဝင်များမှလက်ခံခဲ့ကြောင်းတာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။
အလုပ်သမားတစ်ဦးအား မေးမြန်းရာ တရုတ်နိုင်ငံ ရွှေလီမြို့ ကျန်းဖုန်းမြို့နှင့် ရင်ကျန်းမြို့များတွင် ကြုံရာ ကျပန်းလုပ်ကိုင်သူများဖြစ်ပြီးတရုတ်ရဲများစစ်ဆေးသောအခါအလုပ်သမား၅၇ဦးမှာတရုတ်-မြန်မာဝင်/ထွက်ခွင့် စာအုပ်များသက်တမ်းကျော်လွန်နေ၍ဖမ်းဆီးခံရကာ ရွှေလီမြို့စီကိုင်အချုပ်တွင်ထိန်းသိမ်းထားခြင်းခံရပြီး မြန်မာနိုင်ငံသို့ လွဲပြောင်းပေးခြင်းဖြစ်ကြောင်းပြောပါသည်။
No comments:
Post a Comment