ဇွန်လ၂၄ရက်နေ့ကလားရှိုးခရိုင်မိုင်းရယ်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မန်နေဂျာ မြန်မာစီးပွားရေး ဘဏ်ခွဲမန်နေဂျာမြန်မာ့စိုက်ပျိုးရေးဘဏ်မန်နေဂျာတို့ပါဝင်သောအဖွဲ့သည်မိုင်းရယ်မြို့နယ်ရှိတောင်သူများ
အားမိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခဲ့ရာစပါးစိုက်တောင်သူတစ်ဦးလျှင်တစ်ဧကငွေကျပ်(၁)သိန်း ပာင်းစိုက်တောင်သူတစ်ဦးလျှင်တစ်ဧကငွေကျပ်(၂)သိန်းနှုန်းဖြင့်မိုင်းရယ်မြို့နယ်ရပ်ကွက်(၁)မှတောင်သူ(၅၇) ဦးအား(311,000,000)ကျပ်၊ရပ်ကွက်(၂)မှတောင်သူ(၂၁)ဦးအား(8,500,000)ကျပ်ရပ်ကွက်(၃)မှ တောင်သူ (၃၁)ဦးအား(16,500,000)ကျပ်နားဗျိုင်းကျေးရွာအုပ်စုမှတောင်သူ (၄၉)ဦးအတွက် (15,420,000)ကျပ်၊ လုတ်ခိုက်ကျေးရွာမှတောင်သူ(၆၄)ဦးအားထုတ်ချေးငွေ(25,800,000)ကျပ်၊တောင်သူစုစုပေါင်း (၂၂၂)ဦး အတွက် (377,220,000)ကျပ်တို့အား တောင်သူများသို့ ထုတ်ချေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment