Monday, June 10, 2013

လားရှိုးမြို့ မန်ပျဉ်ကျေးရွာအုပ်စု မန်ခိုင်ရွာမှ (၁၇)နှစ်အရွယ် သမီးပျိုတစ်ဦး လူကုန်ကူးခံရ


10 June 2013


လားရှိုးမြို့မန်ပျဉ်ကျေးရွာအုပ်စုမန်ခိုင်ရွာမှဒေါ်အေးနွန်သည်နေအိမ်၌ရှိနေစဉ်ခင်မင်ရင်းနှီးသူဟိုပိတ်အုပ်စု   ကောင်းစံရွာနေမအေစံ(၃၇)နှစ်မှမအေးရှန်အားဟိုပိတ်အုပ်စုကောင်းကျဲကျေးရွာအလုပ်လုပ်ရန်ခေါ်ဆောင်
သွားကြောင်းသိရပါသည်။မအေးစံသည်ဇွန်လ၂ရက်နေ့ကပြန်လည်ရောက်ရှိပြီးမအေးရှန်မှာတရုတ်ပြည်၌   ရှောင်ဟန်ဆိုသူနှင့်လက်ထပ်လိုက်ကြောင်းပြောပြီး၎င်းမိခင်အားငွေကျပ်၁၅သိန်းနှင့်တရုတ်ဖုန်းတစ်လုံးပေး ခဲ့ကြောင်း သိရပါသည်။

 မိခင်ဖြစ်သူမှသမီးထံသို့ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာ မအေးစံမှတရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားပြီး ယွမ်(၃၈၀၀)ဖြင့်ရောင်းစားခံခဲ့ရပြီးမည်သည့်နေရာကိုရောက်ရှိနေသည်ကိုမသိကြောင်းနှင့် ပြန်လိုသည်ဟု   ပြောသောကြောင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့သို့ တိုင်ကြားခဲ့ကြောင်းသိရပါသည်။ တာဝန်ရှိသူ များမှ မအေးစံအားစစ်ဆေးရာဒေါ်အေးနွန်၏သမီးဖြစ်သူမှအလုပ်ရှာပေးရန်ပြောဆိုထားသဖြင့် တရုတ်နိုင်ငံ တွင်အလုပ်လုပ်လျင်တရက်ယွမ်(၅၀)ရမည်ဖြစ်ပြီးကောင်းကောင်းနေရမည်ဟု ပြောဆိုစည်းရုံး၍ချင်းရွှေဟော်  ခိုးပေါက်မှ တစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်ကာ မိန်းတိန်းမြို့အနီးရှိ ခရမ်းသီးခြံတွင် ၁၀ ရက် လုပ်ကိုင်နေထိုင်ခဲ့ကြောင်းနှင့်တရုတ်နိုင်ငံသားလူပွဲစားနန်းအေးကပ်ဆိုသူမှဆက်သွယ်ပေးသဖြင့်မအေးရှန် အားတရုတ်နိုင်ငံသားရှောင်ဟန်နှင့်ပေးစားခဲ့ကြောင်းနှင့်နန်းအေးကပ်မှတရုတ်ငွေယွမ်(၁၅၀၀၀)   မြန်မာကျပ်သိန်း(၂၀)ရ၍မအေးစံမှ(၅)သိန်းယူထားပြီးကျန်ငွေ၁၅သိန်းအား ဒေါ်နန်းအေးနွန်ထံသို့ ပေးခဲ့      ကြောင်းပြောပါသည်။
 မအေးစံအား မြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်းသိရပါသည်။

No comments:

Post a Comment