Wednesday, June 26, 2013

စပိန်တွင် ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်း အသစ်ကို Huawei ကုမ္ပဏီ ထုတ်ဖော်ပြသ

27 June 2013



မက်ဒရစ်  ဇွန်  ၂၆

စပိန်နိုင်ငံ၏ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့်Telefonica နှင့် တရုတ်နိုင်ငံမှHuawei ကုမ္ပဏီတို့သည် ဇွန် ၂၅ ရက်က နောက်ဆုံးပေါ် စမတ်ဖုန်း အသစ်ဖြစ်သည့် ကမ္ဘာ့ အပါးလွှာဆုံးစမတ်ဖုန်းကို စပိန်နိုင်ငံတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်း အသစ်သည် အလေးချိန် ၁၂ဝ ဂရမ်ရှိ၍ အထူမှာ ၆ ဒသမ ၁၈ မီလီမီတာသာ ရှိသည်။ Ascend P6 အမည်ရှိ အဆိုပါ စမတ်ဖုန်းအား ဇူလိုင် ၈ ရက်တွင် အမေရိကန် ဒေါ်လာ ၄၅၇ ဒသမ ၄၄ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး အရစ်ကျ ဝယ်ယူ လိုသူများ အတွက် တစ်လလျှင် ၁၉ ဒသမ ဝ၉ ဒေါ်လာဖြင့် ၂၄ လ ပေးသွင်းရမည်ဟု သိရသည်။

ယင်းစမတ်ဖုန်း၏ အရှေ့ဘက်တွင် 5-megapixels ရှိ ကင်မရာ တစ်လုံးပါရှိ ပြီး အနောက်ဘက်တွင် 8-megapixels ရှိ ကင်မရာတစ်လုံး တပ်ဆင်ထားသည့် အတွက် ဗီဒီယို ရိုက်ကူးရာနှင့် မြင်ကွင်း ကျယ်များကို ရိုက်ကူးရာတွင် အလွန် အဆင်ပြေစေသည်။ ထို့ပြင် နောက်ဆုံးပေါ် အသံနည်းပညာကိုလည်း ထည့်သွင်း ထားသည်ဟု သိရသည်။ Huawei ကုမ္ပဏီသည် နည်းပညာနှင့် ဆက်သွယ်ရေး ကုမ္ပဏီများစွာ အနက် ကမ္ဘာတွင် လူကြိုက် အများဆုံး ကုန်အမှတ် တံဆိပ်တစ်ခုဖြစ်ပြီး ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်း၌ ကမ္ဘာ တစ်ဝန်းတွင် Huawei ကုမ္ပဏီ ၅ဝဝ ကျော်ကို ဖွင့်လှစ် နိုင်ခဲ့သည်ဟု သိရသည်။              

Myawaddy

No comments:

Post a Comment