ရှမ်းပြည်နယ်လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခများတွင်အစ္စလာမ်ဘာသာဝင်များကို စောင့်ရှောက်ခဲ့သည့် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကိုဗုဒ္ဓသာသနာတော်တွင်အသုံးပြုရန်အစ္စလာမ် ဘာသာဝင် များကကျပ်ငွေရှစ်သိန်းဇွန်လ၁၅ရက်နေ့တွင်လှူဒါန်းခဲ့ကြောင်းမွတ်ဆလင်ဘာသာရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ
တင်အောင်က ပြောကြားသည်။ပဋိပက္ခကာလအတွင်းအစ္စလာမ်ဘာသာဝင်များကိုဘာသာမခွဲ၊လူမျိုးမခွဲဘဲ စောင့်ရှောက်ခဲ့၍ဂုဏ်ပြုသောအနေနှင့်ဇွန်လ၁၅ရက်နေ့တွင်လားရှိုးမြို့သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် တွင်ပြုလုပ်သောဂုဏ်ပြုမှတ်တမ်းလွှာဆက်ကပ်ခြင်းနှင့်အလှူငွေလှူဒါန်းသည့်အခမ်းအနား ပြုလုပ် ကျင်းပ ခဲ့ကြောင်း သိရပါသည်။မန်ဆူကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပုညနန္ဒအားမွတ်ဆလင်ဘာသာရေးခေါင်းဆောင်များကဂုဏ်ပြုမှတ်တမ်း လွှာနှင့်ကျပ်ငါးသိန်းလှူဒါန်းခဲ့ပြီးအခြားအစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်သူ ရွှေမြင်း နှစ်ကောင်ဓာတ်ခဲစက်ရုံပိုင်ရှင် ဦးမောင်ဝင်းကလည်း အလှူငွေကျပ်သုံးသိန်းလှူဒါန်း ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment