Wednesday, June 12, 2013

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော် ပွားတစ်ဆူ ရန်ကုန်မြို့သို့ အပူဇော်ခံ ရောက်ရှိ


13 June 2013



တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသည့် ရတနာစီခြယ် ရွှေကျောင်းဆောင် သုံးဆောင်နှင့်ဗုဒ္ဓစွယ်တော်ပွားသုံးဆူအနက်ရန်ကုန်မြို့၌ထားရှိပူဇော်မည့်ရတနာစီခြယ် ရွှေကျောင်းဆောင်နှင့် ဗုဒ္ဓစွယ်တော်ပွားသည်ဇွန်၁၂ရက်ညနေ၄နာရီတွင်ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လှည့်လည် အပူဇော်ခံ ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓစွယ်တော်ပွား သုံးဆူကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့
 ဇွန်၈ရက်ကမူဆယ်မြို့မှတစ်ဆင့်ပင့်ဆောင်လာခြင်းဖြစ်ပြီးမန္တလေးမြို့သို့ဇွန်၉ရက်ညပိုင်းတွင် ရောက်ရှိခဲ့ကာ အများပြည်သူ ဖူးမျှော်ကြည်ညိုနိုင်ရန် မဟာမြတ်မုနိ ဘုရားကြီး၌ တစ်ညတာ ကိန်းဝပ်စံပယ်တော် မူခဲ့ပြီး သုံးဆူအနက် တစ်ဆူအား မန္တလေးမြို့၌ အမြဲတမ်း ကိန်းဝပ်စံပယ်တော် မူရန် ထားရှိပူဇော်ခဲ့သည်။

ဆက်လက်၍ကျန်စွယ်တော်ပွား နှစ်ဆူအားဇွန်၁၀ရက်နံနက်ပိုင်းတွင်နေပြည်တော်သို့ဆက်လက်ပင့်ဆောင် ခဲ့ကာညပိုင်းတွင်နေပြည်တော်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီးဥပ္ပါတသန္တိစေတီတော်၌တစ်ည တာကိန်းဝပ် စံပယ်   တော် မူမည်ဖြစ်ကြောင်းသိရသည်။နေပြည်တော်၌လည်းမန္တလေးကဲ့သို့ပင်စွယ်တော် ပွား တစ်ဆူကိန်းဝပ် စံပယ်တော်မူမည်ဖြစ်ပြီးကျန်စွယ်တော်ပွားတစ်ဆူအားရန်ကုန်မြို့၌ထားရှိပူဇော်ဖြစ်ကြောင်း သိရသည်။

ယင်းသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော်ပွားများနှင့် ရတနာရွှေ   ကျောင်းဆောင်တို့အားသာသနာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး   ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန် ရှိသူများကမူဆယ်၊လားရှိုး၊မန္တလေးမြို့နှင့်နေပြည်တော်တို့သို့တစ်မြို့ပြီးတစ်မြို့လှည့်လည်အပူဇော်ခံကာ ပင့်ဆောင် လာခြင်းဖြစ်သည်။

ရန်ကုန်မြို့သို့အပူဇော်ခံရောက်ရှိနေသည့်အဆိုပါဗုဒ္ဓမြတ်စွယ်တော်အားဇွန်၂၁ရက်တွင်တရုတ်နိုင်ငံဗုဒ္ဓစွယ်   တော် တိုက်ဆရာတော်မှလွှဲပြောင်းအပ်နှံ ရေစက်ချအလှူတော်မင်္ဂလာကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ထိုသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့်ဗုဒ္ဓမြတ်စွယ်တော်ပွားများအား ရှေးယခင်  နှစ်များဖြစ်သည့် ၁၉၉၄၊ ၁၉၉၆၊ ၂၀၁၁ ခုနှစ်များ တွင်လည်း မြန်မာနိုင်ငံသို့ ပင့်ဆောင်ကာ အပူဇော်ခံ ထားရှိခဲ့ဖူးကြောင်း သိရသည်။

EMG

No comments:

Post a Comment