Thursday, June 6, 2013

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်


6 June 2013

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ တွင်ထုတ်ပြန်နိုင်မည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ အောင် စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန
ကို မေးမြန်းခဲ့ရာဒုတိယဝန်ကြီး ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေး ပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေတစ်ရက်ရက်မှာထွက်မှာတော့သေချာတယ်"ဟုပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသောကျောင်းသား၊ကျောင်းသူများ၏အောင်စာရင်းကိုဇွန်လဒုတိယပတ်တွင် ထုတ်ပြန်နိုင်ကြောင်းမကွေးတိုင်းဒေသကြီးနတ်မောက်ဒုတိယမြို့နယ် ညွှန်ကြားရေးမှုးက ''အောင်စာရင်းက ဇွန် ဒုတိယပတ် ၉ ရက်နေ့လို့ပြောသံ ကြားပါတယ်။ ဇွန် ၂ ရက်နေ့မှာပြည်နယ်နဲ့တိုင်း ညွှန်ကြားရေးမှုး ဆီမှာအောင်စာရင်းသွားယူပြီးကိုယ်ရုံးမှာမထားဘဲရဲစခန်းဒါမှမဟုတ်လုံခြုံတဲ့နေရာမှာ ထားရမှာပါ။ အခု ထိတော့ထုတ်ပြန်ထားတာအတိအကျမရှိသေးပါဘူး''ဟုပြောကြားခဲ့သည်။အောင်စာရင်းထွက်ရှိမည့်ရက်ကို တရာဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်းဇွန်လ၉ရက်နေ့တွင်ထွက်ရှိလာနိုင်ကြောင်း၊အနောက်ပိုင်းခရိုင် ပညာရေးမှုးရုံးမှဒုတိယညွှန်ကြားရေးမှုးဦးအုန်းသွင်ကပြောကြားခဲ့သည်။ ၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း တွင်မြန်မာတစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း၃၀ကျော်ရှိခဲ့ရာမွန်ပြည်နယ်သည်အောင်ချက်အကောင်းဆုံးဖြစ် ခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှ သတင်းရရှိသည်။

myanmar forward

No comments:

Post a Comment