ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့်
မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UB-309၊လေယာဉ်အမှတ်XY-AIP၊လေယာဉ်အမျိုးအစားMA-60လေယာဉ်သည် Capt.မောင်မောင်လွင်ပါ
လေယာဉ်အမှုထမ်း(၄)ဦးလိုက်ပါမောင်းနှင်ပြီးဇွန်လ(၁၀)ရက်နေ့လည်(၁၁)နာရီ(၅၅)မိနစ်တွင်မော်လမြိုင်မှ ခရီးသည်(၅၅)ဦး၊ရင်ခွင်ပိုက်ကလေးငယ်(၅)ဦးတို့အားတင်ဆောင်၍ကော့သောင်းသို့ခရီးစဉ်အတိုင်းဆက်လက် ထွက်ခွာ လာခဲ့သည်။
၁၃၀၅အချိန် ကော့သောင်းသို့ရောက်ရှိပြီး ကော့သောင်းလေဆိပ်သို့
မြောက်မှတောင်ဘက်လေယာဉ်ပြေး လမ်းအတိုင်းဆင်းသက်စဉ် လေယာဉ်
ပြေးလမ်းချော်ပြီး လေယာဉ်ပြေးလမ်း၏အနောက်ဘက် ပေ ၂၀၀ခန့်အကွာရှိ ခြုံပုတ်အတွင်းသို့ ရောက်ရှိခဲ့သည်။
လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါခရီး သည်များနှင့်လေယာဉ်အမှုထမ်းများထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊
လေယာဉ်၏ဘယ်ဘက်တောင်ပံအင်ဂျင်မှ
မီးခိုးများထွက်လာ၍လေယာဉ်ပေါ်တွင်ပါရှိသည့်မီးသတ်ဆေးဗူးများဖြင့်ငြှိမ်းသတ်ခဲ့ကြောင်းနှင့် လေယာဉ်၏ တောင်ပံနှစ်ဘက်ရှိ
ပန်ကာ(၂)လုံး၏ဒလက်များ ကျိုးပဲ့ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment