5 June 2013
၂၀၁၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ထွက်ပေးလာဖွယ် ရှိသည့် Samsung Galaxy Note 3 တွင် အဆင့်မြှင့်တင်ထားသည့်13megapixelကင်မရာနှင့်အတူ အရည်အသွေးမြင့် ဓာတ်ပုံမျာကို ဖမ်းယူပေးမည့်
anti-shake feature ပါဝင်လာဖွယ် ရှိကြောင်းသိရသည်။
ကိုရီးယားသတင်းဆိုက် ET-News ၏ အဆိုအရ Samsung၏မိုဘိုင်းဆက်သွယ်ရေးအဖွဲ့သည်OIS(opticalimagestabilization)နည်းပညာများနှင့်Shutter -functionများတွင်Note3အတွက်တီထွင်ဆောင်ရွက်လျက်ရှိကြောင်း၊အဆိုပါနည်းပညာများကိုGalaxyNote3 တွင်ထည့်သွင်းအသုံးပြုဖွယ်ရှိကြောင်းအဆိုပါအဖွဲ့မှတာဝန်ရှိသူတစ်ဦးမှပြေကြား ခဲ့ကြောင်း သိရသည်။
ထို့အပြင် Samsungသည် 3x optical zoom ကို အသုံးပြုရန် ရည်ရွယ်ထားသော်လည်း ဖုန်း၏ ပါလွှာသောဒီဇိုင်းကြောင့်အသုံးပြုရန်လက်လွတ်ရကြောင်းဆိုသည်။Note3တွင်ပါဝင်လာဖွယ်ရှိသည့်camera များနှင့်ပတ်သက်၍မေးမြန်းရာတွင်မည်သည့်အချက်အလက်ကိုမျှလူသိရှင်ကြားကြေညာထားခြင်း မရှိသေးကြောင်း Samsungမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်ဟု သိရသည်။
http://news.yatanarpon.com.mm/news/news-81185
No comments:
Post a Comment