27 June 2013
မြ၀တီ
မြန်မာ့လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်း ၁ဝ ခုထိ ရှိလာသော်လည်း ၁၉၆ဝ
ပြည့်နှစ်က မင်္ဂလာဒုံ လေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ Transit
လုပ်ကာ နိုင်ငံတကာသို့ သွားနိုင်သော အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခု
အခြေအနေမှာ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်က လေကြောင်း ဝန်ဆောင်မှု
လုပ်ငန်းကို မယှဉ်ပြိုင်နိုင်သေးကြောင်း သိရသည်။
ပုဂ္ဂလိက ဝန်ဆောင်မှု စစဉ်က မြန်မာ့ လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းတွင်
MAI, Air Bagan, Air Mandalay, Asian Wings, Air KBZ , Yangon Airways,
Golden Myanmarနှင့် Myanmar Airways စသော ပြည်တွင်း လုပ်ငန်း ရှင်များ
ပိုင်ဆိုင်သည့် လေကြောင်းလိုင်း ရှစ်ခုရှိခဲ့ပြီး ယခုအချိန်တွင် APEX
နှင့် FMI လေကြောင်းလိုင်းသစ် နှစ်ခု ထပ်တိုး လာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ လေကြောင်းလိုင်း ဝန်ဆောင် မှုလုပ်ငန်းကို ကမ္ဘာနှင့် ချိတ်ဆက်ခဲ့သော
၁၉၅၇ ခုနှစ်က ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ်တွင် စတင် ဖွင့်လှစ်ပြီး
နိုင်ငံတကာ လေကြောင်းလိုင်း များသို့ ပျံသန်းခဲ့ကြောင်း သိရသည်။ ၁၉၆ဝ
ပြည့်နှစ် တွင် ဥရောပနိုင်ငံ လေကြောင်းလိုင်းကြီးများ အပါအဝင်
လေကြောင်းလိုင်း ရှစ်လိုင်းဝန်းကျင်ဖြင့် မြန်မာ့လေကြောင်း ဝန်ဆောင်မှုကို
အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာ့လေကြောင်း ဝန်ဆောင်မှု
လုပ်ငန်းမှာ ၁၉၇၄- ၇၅ ခုနှစ်တွင် ဧရာမ လေကြောင်းကြီးများ ဖြစ်သော
ဘိုးအင်း ၇၄၇ လေယာဉ်များ မဆင်းသက်နိုင်သောကြောင့် ထိုင်းနိုင်ငံ ဗန်ကောက်လေ
ဆိပ်သို့ ပြောင်းလဲဆင်းသက် ချိန်မှစ၍ လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းကျဆင်း
ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နိုင်ငံတကာ လေကြောင်းလိုင်း
ပြေးဆွဲမှုများသည် ၁၉၇၈ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံမှ Aerofloatနှင့်
ထိုင်းနိုင်ငံမှ TG စသော လေကြောင်းလိုင်း နှစ်လိုင်းသာ ကျန်ရှိ
ပြေးဆွဲခဲ့သည်။ ၁၅နှစ် ကြာပြီးနောက် ၁၉၉၃ခုနှစ်တွင် နိုင်ငံပိုင်လေကြောင်းလိုင်း MAI၊စင်ကာပူ နိုင်ငံတွင်ရင်းနှီး မြှုပ်နှံထားသော
တော်ဝင်ဘရူနိုင်း
လေကြောင်းလိုင်းနှင့် ဖက်စပ်လိုင်း တည်ထောင်ပြီးနောက်
မြန်မာ့လေကြောင်းဝန်ဆောင်မှု လုပ်ငန်းကို
နိုင်ငံတကာသို့ ပြန်လည်ချိတ်
ဆက်ပျံသန်း နိုင်ခဲ့ သည်။
အဆိုပါ ဖက်စပ် လေကြောင်းလိုင်း MAIမှာ
မြန်မာနိုင်ငံ အလံလွှင့်ထူပြီး ဗန်ကောက်၊ စင်ကာပူ၊ ဒက္ကာ၊ ခတ္တမန္တူ၊
ဟောင်ကောင်၊ ဂျကာတာ၊ ကွာလာ လမ်ပူ၊ ကူမင်းနှင့် ဒါကာမြို့များသို့ ပြည်ပ
ခရီးစဉ်များ ပျံသန်းခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်မှ စ၍
ပြည်တွင်းလေကြောင်း ခရီးစဉ်များနှင့် ပြည်ပ ခရီးစဉ်များတွင် နိုင်ငံသား
ပြည်တွင်း လုပ်ငန်းရှင် ကြီးများ စတင်ရင်းနှီး မြှုပ်နှံလာပြီး၂ဝ၁၁
ခုနှစ်တွင် MAI၏ အစုရှယ်ယာ ၈ဝ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ် အုပ်စုက ပိုင်ဆိုင်ကြောင်း တရားဝင် သတင်းထုတ်ပြန် သည်မှ စ၍ ပုဂ္ဂလိက လေကြာင်း လိုင်းများ စတင် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
မြ၀တီ
No comments:
Post a Comment