ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုမှာမက်ဆီ၊ဖယ်လ်ကာအိုတို့ကို ကျော်ဖြတ်ကာ ယခုနှစ် ရာသီအတွက် EFEဆု ရရှိသွားခဲ့သည်။ EFE ဆုမှာလာလီဂါတွင်ကစားသည့် စပိန်၊ ပေါ်တူဂီနှင့် အမေရိကကစားသမားများကို
EFEသတင်းအေဂျင်စီမှချီးမြှင့်သည့်ဆုဖြစ်သည်။
၁၉၉၁ခုနှစ်မှစတင်ချီးမြှင့်ခဲ့သောEFEဆုကိုလက်တင်အမေရိကကစားသမားများသာဆွတ်ခူးခဲ့ပြီးရော်နယ်ဒိုမှာ အဆိုပါဆုရရှိသည့်ပထမဆုံးပေါ်တူဂီကစားသမားဖြစ်လာခဲ့သည်။မက်ဆီသည်EFEဆုကို နောက်ဆုံးလေးကြိမ် ဆက်ရရှိခဲ့သည့်အပြင်ဆုငါးကြိမ်ရပထမဆုံးကစားသမားအဖြစ်မှတ်တမ်းတင်ထားနိုင်သည်။
သို့သော်EFEဆုအတွက်အယ်ဒီတာများကရွေးချယ် ရာတွင် ရော်နယ်ဒိုမှာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းသူအဖြစ်၁၂ဂိုးသွင်းယူနိုင်ခဲ့ကာလာလီဂါတွင် ၃၄ဂိုး၊စပိန်ဘုရင့်ဖလား ပြိုင်ပွဲ
တွင် ၇ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်းဖြစ်သည်။
မြ၀တီ
No comments:
Post a Comment