လားရှိုးမြို့ပေါ်ရပ်ကွက်များတွင်မေလ(၂၈)ရက်နေ့ကတုတ်၊ဓား၊လှံနှင့်ဘေးဖြစ်စေသောလက်နက်များကိုင်စွဲ ၍ ပြည်သူဆူပူအုံကြွမှုကိုဖြစ်စေသည့် အကြမ်းဖက်မှုများပြုလုပ်ခြင်းဖျက်ဆီးမီးရှို့ခြင်းများကြောင့်ဖမ်းဆီး
ထိန်းသိမ်းထားသည့်(၆၁)ဦးမှလားရှိုးမြို့နယ်တရားရုံးသို့ခြေချုပ်နှင့်ခံဝန်ဥပဒေပုဒ်မဖြင့်တရားစွဲဆိုထားသော ခိုင်စိုး(၁၈)နှစ်ရပ်ကွက်(၁)နယ်မြေ(၈)လားရှိုးမြို့နေသူပါ(၂၉)ဦးအားဇွန်လ(၁၃)ရက်နေ့ကရုံးထုတ် မြို့နယ် တရားသူကြီးဥပဒေအရာရှိတို့မှစစ်ဆေးမှုပြုလုပ်ခဲ့ပြီးခိုင်စိုးပါဝင်သော(၂၉)ဦးတို့မှအပြစ်ရှိကြောင်းဝန်ခံထွက်ဆို သဖြင့် မြို့နယ်တရားသူကြီးမှ ပြစ်မှုကျူးလွန်သူများအား ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မအရ သက်ဆိုင် ရာရဲစခန်းတွင်(၁၄)ရက်(၁)ကြိမ်လက်မှတ်ရေးထိုးသွားအမိန့်ချမှတ်ခဲ့ကြောင်းတာဝန်ရှိသူများ မေးမြန်းချက်အရ သိရပါသည်။ခိုင်စိုးပါဝင်သော(၂၉)ဦးအားတာဝန်ရှိသူများမှရပ်ကွက်အသီးသီးသို့လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်း သိရပါသည်။
No comments:
Post a Comment