Tuesday, July 2, 2013

SSA(S) တပ်ရင်း ၇၀၁ မှ မြ၀တီဘဏ်သို့ ဆက်ကြးငွေအဖြစ် ကျပ်သိန်း(၁၀၀)တောင်း


2 July 2013


ဇူလိုင်လ(၂)ရက်နေ့ (၁၁၀၀)နာရီတွင် SSA(S)တပ်ရင်း ၇၀၁ ၏ စေခိုင်းချက်အရ ရှမ်းအမျိုးသား(၂)ဦးဟာ မူဆယ်မြို့အမှတ်(၆၁)ပြည်ထောင်စုလမ်းမကြီးစွမ်စော်ရပ်ကွက်မန့်ဝိန်းကွက်သစ်ရှိမြ၀တီဘဏ်တွင်လုံခြုံရေး
 တာဝန်ထမ်းဆောင်နေသူအားစာတစ်စောင်ပေးပြီးထွက်ခွာသွားကြောင်းသိရပါသည်။

ဆက်ကြေးတောင်းခံစာတွင် မြ၀တီဘဏ်မှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ SSA(S)တပ်ရင်း ၇၀၁သို့ဆက်ကြေးငွေအဖြစ်ငွေကျပ်သိန်း(၁၀၀)အားဇူလိုင်လ(၇)ရက်နေ့နောက်ဆုံးထား၍ဆက်သွယ်ပေးပို့ ရန်ပါရှိပြီးဆက်သွယ်ရန်ဖုန်းနံပါတ်(18788213392)အားဖော်ပြထားပါတယ်။ 

 ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီSSA(S)သည် ကျေးလက်နေရှမ်းတိုင်းရင်းသားများထံမှဆက်ကြေး   ကောက်ခံမှုများအပြင် မြို့ပေါ်ဘဏ်လုပ်ငန်းများအထိပါဆက်ကြေးကောက်ခံမှုပြုလုပ်လာသောကြောင့် မူဆယ်မြို့ရှိ ဒေသခံများနှင့်စီးပွားရေးလုပ်ငန်းရှင်များမှာစိုးရိမ်ထိတ်လန့်ကြောက်ရွံ့နေကြောင်းမူဆယ်ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ 

အဆိုပါ လုပ်ရပ်သည် RCSS/SSA ဥက္ကဌ ရွက်ဆစ် ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်လာရောက်ခဲ့ပြီးနောက်ပိုင်း သိသာထင်ရှားလှစွာသောဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်သောကြောင့်အပြောတခြားအလုပ်တစ်မျိုးဆောင်ရွက်   နေသည်ဟု  ရှမ်းတိုင်းရင်းသားများမှ ပြောဆိုလျက်ရှိကြောင်း ဖော်ပြအပ်သည်။

No comments:

Post a Comment