ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်ရှမ်းပြည်တိုးတက်ရေးပါတီSSPP/SSAငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ဇူလိုင်လ(၁၃)ရက်နေ့တွင်
လားရှိုးမြို့ရွှေလီခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့်ငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဌဦးသိန်းဇော်နှင့်တပ်မတော်အရာကြီးများ၊ရှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့်တာဝန်ရှိသူများရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကိုယ်စားလှယ်အဖွဲ့မှဦးစ၀်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင်(၂)နှင့်ရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်းသိရပါသည်။
ဆွေးနွေးပွဲတွင်ငြိမ်းချမ်းရေးအားအမှန်တကယ်လိုလားလျင်အမှန်တကယ်ဆောင်ရွက်ပြီးတာဝန်ရှိသူအားလုံးမှ စည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်ရန်၊ငြိမ်းချမ်းရေးသဘောတူချက်များအတိုင်းသတ်မှတ်နယ်မြေများတွင်သာ နေထိုင်ပြီး စည်းကမ်းချက်များလိုက်နာဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
သမ္မတကြီးအနေဖြင့်မကြာခင်ကာလတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံဆွေးနွေး ရန်ရှိပြီး SSPP/SSA အဖွဲ့အား တက်ရောက်နိုင်ရေး ဖိတ်စာ ပေးပို့လိုက်မည် ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment