Wednesday, July 3, 2013

SSA (၀မ်ဟိုင်း)အဖွဲ့မှ ကျောက်မဲမြို့နယ်အတွင်း ကျေးရွာများတွင် ဆက်ကြေးကောက်ခံ


3 June 2013

ဇူလိုင်လ(၂)ရက်နေ့ကSSA(၀မ်ဟိုင်း)အဖွဲ့သည်ကျောက်မဲမြို့နယ်ဟူးကွက်ကျေးရွာနှင့်ကျိန်လော ကျေးရွာ တို့သို့ရောက်ရှိပြီး စီးပွားရေးလုပ်ငန်းအလိုက် အိမ်ထောင်စု တစ်စုလျင် ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ
သတ်မှတ်၍ ရွာသားများမှ SSA (၀မ်ဟိုင်း)အဖွဲ့ ခေတ္တနေထိုင်နေသည့် ဟူးကွက် ဘုန်းကြီးကျောင်းသို့ သွားရောက်ပေးဆောင်ရကြောင်း ကျောက်မဲ ဒေသခံတစ်ဦး သတင်းပေးပို့ချက်အရသိရပါသည်။ ထိုကဲ့သို့ SSA(၀မ်ဟိုင်း)မှမကြာခဏဆက်ကြေးလာရောက်ကောက်ခံသောကြောင့်ရိုးသားလှသောရှမ်းတိုင်းရင်းသား များမှာမိမိတို့စား၊၀တ်၊နေ၊ရေးအပြင်ဆက်ကြေးပေးဆောင်ရန်အတွက်ပါမိမိတို့တောင်ယာ လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်နေကြရကြောင်း သိရသည်။

No comments:

Post a Comment