Wednesday, July 31, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် TNLA တို့ မူဆယ်မြို့တွင် ဆွေးနွေး


1  August 2013


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်ပလောင်လွတ်မြောက်ရေးတပ်ဦး/တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးမှုကိုဇူလိုင်လ ၃၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ရွှေလီရတနာ ခန်းမတွင်နံနက် ၉ နာရီမှ ညနေ ၃နာရီအထိ
  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

PSLF/TNLAတို့အကြားယခင်ကတစ်ကြိမ်မျှတွေ့ဆုံဖူးခြင်းမရှိသေးဘဲယခုမူဆယ်မြို့တွင် ပြုလုပ်သည့် ပြည် နယ်အဆင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုသည်ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တွေ့ဆုံပွဲသို့   ပြည်ထာင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်PSLF/TNLAဘက်မှဒုတိယဗိုလ်မှူးကြီးတာဘုန်းကျော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့်ထိုဆွေးနွေးပွဲတွင်အပစ်အခတ်ရပ်ဆဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်သည့် ပြည်နယ်အဆင့် ဆွေးနွေးပွဲအား မကြာမီကာလအတွင်း ပြန်လည်ကျင်းပရန် သဘောတူခဲ့ကြောင်း သိရသည်။ 

ကရင်ပြည်နယ်ဘားအံမြို့တွင်လည်းမကဒတဥက္ကဌရဲဘော်သံခဲဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ပြည်   ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ၂၀၁၃ ခုနှစ် သြဂုတ်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ် ဟုလည်း သိရသည်။

No comments:

Post a Comment