Monday, July 22, 2013

SSA(၀မ်ဟိုင်း)အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကြောင့် ကျေးလက်နေ ရွာသားများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်


23 July 2013


SSA (၀မ်ဟိုင်း)အဖွဲ့သည် ဇူလိုင်လ(၂၁)ရက်နေ့က မိုင်းလုံမြို့နယ်ခွဲ နမ့်ဖန်ကျေးရွာတွင်တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းနေကြောင်းသိရပါသည်။နမ့်ဖာကျေးရွာမှ  တာဝန်ထမ်းဆောင်ရန်လူသစ်(၉)ဦးအမည် စာရင်းပေးပို့ထားရာ  (၃)ဦးသာ စုဆောင်းရရှိပြီး (၆)ဦးမှာ  SSA(၀မ်ဟိုင်း)အဖွဲ့ထံတွင်   တာဝန်မထမ်းဆောင်
လိုသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။

SSA(၀မ်ဟိုင်း)အဖွဲ့သည် ကျေးလက်နေ ပြည်သူများ၏အခက်အခဲကိုမထောက်ရှုဘဲမိမိတို့အင်းအားရရှိရေး ကိုသာဦးတည်၍တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းနေသာကြောင့်အပြစ်မဲ့ရွာသားများကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။SSA(၀မ်ဟိုင်း)အဖွဲ့သည်ထွက်ပြေးသွားသောသူများ အစား ရွာသား(၈)ယောက်အားထပ်မံအတင်းအဓမ္မစုဆောင်းရန်လုပ်ဆောင်နေသောကြောင့်အပြစ်မဲ့ကျေးလက် နေ ရွာသားများသည်အသက်အန္တရယ် ကင်းအောင်နေထိုင်နိုင်ရေးအတွက်၎င်းတို့၏အိုး၊ အိမ်၊မိသားစုများနှင့် ခွဲခွာ၍ကျောက်မဲမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း၎င်းတို့နှင့်နီးစပ်သူတစ်ဦး၏  ပြောပြ ချက်အရသိရပါသည်။ 

 အိုက်ငယ်နှင့်အိုက်ကောင်းတို့မှာလည်းSSA(၀မ်ဟိုင်း)အဖွဲ့သို့   မ၀င်ရောက်လျင်အသတ်ခံရမည်ကိုစိုးရိမ်   သောကြောင့်လက်ရှိဝမ်ဟိုင်းတွင်တာဝန် ထမ်းဆောင်နေရခြင်းဖြစ်   ကြောင်းသိရပါသည်။

No comments:

Post a Comment