ယနေ့ မွန်းလွဲနှစ်နာရီတွင် လားရှိုးပန်းခြံထဲ၌ လူသတ်တရားခံဟု ယူဆထားသော အမျိုးသမီး တစ်ဦးသည် အမှုဖြစ်စဉ် နေရာမှ သက်သေခံ ပစ္စည်းများကို ရဲတပ်ဖွဲ့အားလိုက်လံပြသနေကြာင်း သိရသည်။
လွန်ခဲ့သော ဇူလိုင်(၄)ရက်ကလားရှိုးပန်ခြံတွင်အသတ်ခံရသူမိန်းကလေးမှာ ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ်တစ်ကွင်းပါ ဖြုတ်
ယူအသတ်ခံရကြောင်း၎င်းအမှုဖြစ်စဉ်အရသိရသည်။ယင်းကွင်းဆက်အရယနေ့တွင်လားရှိုးမြို့ဘူတာလမ်းရှိ ရွှေဆိုင်တစ်ဆိုင်တွင်အမှုဖြစ်စဉ်မှအလားတူရွှေထည်ပစ္စည်းများလာရောင်းနေကြာင်း သတင်းပေးပို့ချက် အရ ရဲများက ခေါ်ယူစစ်ဆေး ဖမ်းဆီးထားကြောင်း သိရသည်။
လာရောင်းသူမှာ မစန္ဒာဝင်းဖြစ်ပြီး အသက်(၂၃)နှစ်၊ လားရှိုးမြို့ရပ်ကွက် (၁၀)၊ နယ်မြေ(၈)တွင် နေထိုင်ပြီး အမှုဖြစ်စဉ်၌သေဆုံးသူ၏အိမ်နီးနားခြင်းဖြစ်ကြောင်းရဲစခန်းမှ သိရသည်။
၎င်းအမျိုးသမီး၏ ဖြောင့်ချက်အရ အမှုဖြစ်ရာလားရှိုးပန်းခြံတွင်ရဲများကတရားခံအားသက်သေပစ္စည်းအားဖော်ထုတ်ပေးရန်သရုပ်ပြသ စေခဲ့သည်။
လားရှိုးပန်းခြံထဲတွင်လူသတ်တရားခံဟုယူဆရသောအမျိုးသမီး၏သက်သေပစ္စည်း ဖော်ထုတ် သရုပ်ပြနေ မှုကိုမြို့ခံများက လာရာက်ကြည့်ရှုနေကြ၍ စည်းကားလျက် ရှိနေသည်။
ယင်းအမျိုးသမီးအား ယနေ့တွင် လားရှိုးတရားရုံး၌ပထမယမန်ယူထားကြောင်းရဲစခန်းမှသိရပြီးအသေးစိတ်ကိုဆက်လက်စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း ရဲစခန်းမှ ဆိုသည်။
shan news
No comments:
Post a Comment